- Web Master
- ၁၂ ဒီဇင်ဘာ ၂၀၂၃
နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁ဝ/၂ဝ၂ဝ
ရခိုင်ယူနိုက်တက်အသင်းသည် အိမ်ကွင်းဖြစ်သည့် စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းတွင် ချင်းယူနိုက်တက်အသင်းကို ယမန်နေ့က ဧည့်ခံယှဉ်ပြိုင်ကစားခဲ့ရာ သရေရလဒ်ထွက်ပေါ်ပြီး အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
ရခိုင်ယူနိုက်တက်အသင်းသည် ဖေဖော်ဝါရီ ၉ ရက်နေ့က ချင်းယူနိုက်တက်အသင်းကို အိမ်ကွင်းဖြစ်သည့် စစ်တွေရှိ ဝေသာလီအားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့ရာ (ဝ-ဝ)ဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
"ကျနော်တို့ မနေ့ကပွဲမှာ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့အတွက် အမှတ်(၁ဝ)မှတ်နဲ့ အရင်အတိုင်း အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်"ဟု ရခိုင်ယူနိုက်တက်အသင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဥ္စရာသို့ ပြောသည်။
ရခိုင်ယူနိုက်တက်အသင်းသည် အိမ်ကွင်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က အားကာ သိပ္ပံအသင်းအား (၂-ဝ)နှင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ရတနာပုံ FC အသင်းကို (၁-ဝ)တို့ဖြင့် အနိုင်ရရှိခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၅) ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် (၁ဝ)မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းသည် အဝေးကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်နှစ်ပွဲတွင် ဆောက်သမ်းမြန်မာ အသင်းကို(ဝ-၁)ဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့က အနိုင်ရရှိခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းကို (၁-ဝ)ဖြင့် ဇန်နဝါရီလ ၁၂ နေ့က ရှုံးနိမ့်ခဲ့သည်။
၂ဝ၂ဝ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ အမှတ်ပေးဇယား၏ ထိပ်ဆုံးတွင် ဟံသာဝတီ ယူနိုက်တက် အသင်း၊ အဆင့် (၂)နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ အဆင့် (၃)နေရာတွင် ဧရာဝတီ ယူနိုက်တက်အသင်းနှင့် အဆင့်(၄)နေရာတွင် ရခိုင်ယူနိုက်တက်အသင်း ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
ဓာတ်ပုံ - RUFC
-------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျေောဝါရီ ၁ဝ/၂ဝ၂ဝ