Preview

ကမ္ဘာကျော်ဘောလုံးသမားမာရာဒိုနာကွယ်လွန်

နိုဝင်ဘာ ၂၆/ ၂၀၂၀ | ကြည့်ရှုသူ :2910
အားကစား သတင်း

နိရဥ္စရာ၊ နိုဝင်ဘာ၂၆/၂၀၂၀ (နိုင်ငံတကာ)

ကမ္ဘာကျော်ဘောလုံးသမားမာရာဒိုနာသည် နိုဝင်ဘာ ၂၅ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီစ်မြို့က သူ့နေအိမ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိ၇သည်။

သူကွယ်လွန်ချိန်တွင် အသက် (၆၀) နှစ် ရှိပြီဖြစ်သည်။

မာရာဒိုနာသည် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ဦးနှောက်သွေးခဲ၍ ဆေးရုံတက်ခွဲစိတ်ကုသခဲ့ရကြောင်း၊  သူ၏ ဦးနှောက် ခွဲစိတ်မှုအောင်မြင်မှုကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီးနောက် နေအိမ်တွင် အနားယူနေစဉ် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။   

အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်ဘော်လုံးသမားဖြစ်သူ  မာရာဒိုနာသည်  ၁၉၈၆ တွင် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည်။  ကမ္ဘာဖလားတွင် လေးကြိမ်တိတိ ဝင်ရောက်ကစားဖူးသူ မာရာဒိုနာသည် လက်ရွေးစင် အသင်းမှ အနားယူပြီးနောက် အင်ဂျင်တီးနား လက်ရွေးစင်အသင်းတွင် နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။

မာရာဒိုနာသည် ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဖိုင်နယ်အထိရောက်အောင်စွမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သလို နာမည်ကြီး စပိန်မှ  ဘာစီလိုနာ၊ အီတလီမှ နာပိုလီ အသင်းများတွင် ကစားပေးခဲ့ပြီး သက်တမ်းတလျှောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားများထဲက တစ်ယောက်လည်းဖြစ်သည်။

မာရာဒိုနာဟာ အာဂျင်တီးနားနိုင်ငံ အသင်းအတွက် ၉၁ ပွဲကစားပြီး ၃၄ ဂိုးသွင်းခဲ့သူ ဖြစ်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။  

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.