English Edition
တနင်္ဂနွေနေ့၊ ဇူလိုင်လ ၀၆ရက်၊ ၂၀၂၅
လှူရန်
Preview
ဂျပန်နိုင်ငံ အလယ်တန်းအဆင့်ဘော်လီဘောပြိုင်ပွဲတွင် ရခိုင်အမျိုးသမီးတစ်ငယ်တစ်ဦး အကောင်းဆုံးကစားသမားဆုရရှိ
စက်တင်ဘာ ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :2108
အားကစား သတင်း
နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၁
ဂျပန်နိုင်ငံနိုင်ငံ အလယ်တန်းအဆင့် ဘော်လီဘောပြိုင်ပွဲတွင် ဂျပန်အသင်းကိုယ်စားပြုကစားခဲ့သည့် ရခိုင်အမျိုးသမီးတစ်ငယ်တစ်ဦး အကောင်းဆုံးကစားသမားဆုရရှိသွားကြောင်း သိ၇သည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်နေထိုင်သည့် ရခိုင်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မရီမွန်မြတ် (၁၄ နှစ်)သည် ဂျပန်တစ်နိုင်ငံလုံး အလယ်တန်းအဆင့် ဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကို ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်က ရရှိသွားခြင်းဖြစ်သည်သည်။
မရီမွန်မြတ်၏ ဖခင်လည်းဖြစ်၊ ဂျပန် ရခိုင်လူမှုရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြတ်သူက “ကျနော့်သမီးက ဂျပန် JOC ကနေပြီးတော့ အလားအလာကောင်းတယ်ဆိုပြီးတော့ ၃ ခါတောင်အရွေးခံရတယ်၊ ဂျပန် အိုလံပစ်ကော်မတီကရွေးတာလေ။ ဂျပန်တွေကြားထဲမှာ၊ ဂျပန် ဘော်လီဘော အားကစားလောကမှာ အားပေးတယ်။ ဒီလိုဆုရဖို့အတွက် မလွယ်ပါဘူး။ အသင်းအဖွဲ့နဲ့ကစားရတဲ့အထဲမှာ အောင်မြင်မှုရဖို့ဆိုတာ မလွယ်ပါ။” ဟု နိရဥ္စရာကို ပြောသည်။
မရီမွန်မြတ်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ ရှင်မိုခိတဇာဝါ အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသူလည်းဖြစ်သည်။
မရီမွန်မြတ်၏ဖခင် ဦးမြတ်သူသည်လည်း ယခင်က မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားတစ်ဦးဖြစ်ခဲ့သလို ရန်ကုန်တက္ကသိုလ်တွင်လည်း အသင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်ဟု ဆိုသည်။
“ကိုယ့်ထက်ပိုပြီးတော့ သမိုင်းကောင်းကျန်ခဲ့စေချင်တယ်။ သူများနိုင်ငံမှာ ဂျပန်တွေထက်တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် စံပြတစ်ယောက်ဖြစ်စေချင်တယ်။”ဟု ပြောသည်။
မရီမွန်မြတ်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဦးမြတ်သူနှင့် ဒေါ်ကြူကြူဝင်းတို့၏သမီးဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်အတူ ဂျပန်နိုင်ငံ တိုကျိုမြို့၌ နေထိုင်နေကြောင်း သိ၇သည်။
Photo - Asaj Jpn
#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.