နိရဥ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂၀၂၁
တောင်အာရှဘောလုံးအဖွဲ့အချုပ်(South Asia Football Federation)က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ကျင်းပသည့် ယူ-၁၉ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲတွင် ရခိုင်အမျိုးသမီးငယ်၏သွင်းဂိုးဖြင့် ဘင်္ဂလားဒေ့ရှ် ယူ- ၁၉ အမျိုးသမီးအသင်း ချန်ပီယံဆုရရှိခဲ့ကြောင်း Bhone Mart Khane ဆိုသူ၏ facebook စာမျက်နှာတွင်ဖော်ပြထားချက်အရ သိ၇သည်။
ဘင်္ဂလားဒေ့ရှ် ယူ-၁၉ အမျိုးသမီးအသင်းနှင့် အိန္ဒိယ ယူ-၁၉ အမျိုးသမီးအသင်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့က အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ပထမပိုင်း ၄၅ မိနစ်အထိ ဂိုးမရှိသရေကျနေခဲ့ကြောင်း သိ၇သည်။
ပွဲစဉ်ဒုတိယပိုင်း မိနစ် ၈၀ တွင် ဘင်္ဂလားဒေ့ရှ် ယူ-၁၉ အမျိုးသမီးအသင်းမှ ရခိုင်အမျိုးသမီးငယ် Anai Mogini (အနိုင်းမိုဂီနီ)၏ တစ်လုံးတည်းသော နောက်ကျအနိုင်ဂိုးဖြင့် ချန်ပီယံဆုကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
အနိုင်းမိုဂီနီသည် ဘင်္ဂလားဒေ့ရှ် ယူ-၁၉ အသင်း၏ ခံစစ်နေရာတွင် ကျောနံပတ် ၄ ကိုဝတ်ဆင်ကစားခဲ့ကြောင်း သိ၇သည်။
တောင်အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ယူ- ၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ပါဝင်ပြီး Anai Mogini သည် အုပ်စုတွင်း ၄ ပွဲကစားကာ ၃ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
သူသည် စစ်တကောင်းတောင်တန်းဒေသသူ ၇ခိုင်အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ မေလတွင် ဖခင် Ripru Magh နှင့် မိခင် Apruma Mogini တို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Khagrachhari ခရိုင်တွင် မွေးဖွားခဲ့သူဖြစ်သည်။
လက်ရှိတွင် သူမသည် အသက် ၁၈ နှစ်ရှိပြီဖြစ်ပြီး လူငယ်ကစားသမားဘ၀ကို ၂၀၁၃ ခုနှစ်က Ghagra Bohumukhi High School တွင် စတင်ခဲ့ကြောင်း သိ၇သည်။
ထို့နောက် သူမသည် ခရိုင်အဆင့်၊ ပြည်နယ်အဆင့်မှ နိုင်ငံအဆင့်ဘောလုံးအားကစားသမားတစ်ဦးဖြစ်လာပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် ယူ-၁၉ အသင်းနှင့်အတူ တောင်အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ၁-၀ ဂိုးဖြင့် ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
လက်ရှိတွင် သူမသည် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းကလပ်တစ်ခုဖြစ်သည့် Bashundhara Kings Women အသင်းတွင် ကျောနံပါတ် ၁၂ ဖြင့် ပါဝင်ကစားပေးနေကြောင်းလည်း သိ၇သည်။