Preview

U25 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရခိုင်အသင်းကရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲ

ဇန်နဝါရီ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :5905
အားကစား သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၁/၂၀၂၂
တိုင်းဒေသကြီး/ပြည်နယ် အသက် ၂၅ နှစ်အောက် U25 အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရခိုင်အသင်းက ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်စွဲသွားသည်။
ယင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီက ဖိုင်နယ်ပွဲကျင်းပခဲ့စဉ် ယခုကဲ့သို့ ဗိုလ်စွဲသွားခြင်းဖြစ်သည်။
အဆိုပါပွဲတွင် ရခိုင်အသင်းမှ မသီရိစန္ဒာရွှေ(ကျောနံပါတ် ၁၂)၊ မမြတ်မြတ်ဌေး(ကျောနံပါတ် ၁၀)နှင့် မလှမြတ်သူ(ကျောနံပါတ် ၆)တို့က တစ်ဂိုးစီသွင်းကာ သုံးဂိုး နှစ်ဂိုးဖြင့် ဗိုလ်စွဲသွားခြင်းလည်းဖြစ်သည်။
ယနေ့ပြုလုပ်သည့်ဗိုလ်လုပွဲတွင် ၇ခိုင်အသင်းမှ မလှမြတ်သူ(ကျောနံပါတ် ၆)က အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးရရှိပြီး ရခိုင်အသင်းမှ ဂိုးသမား မတိုး၇တနာစု(ကျောနံပါတ် ၁ )က အကောင်းဆုံး ဂိုးသမားဆုကို ရရှိသွားခဲ့သည်။
ရခိုင်အမျိုးသမီးအသင်းသည် နေပြည်တော်အသင်းနှင့် စစ်ကိုင်းအသင်းကိုအနိုင်ရရှိကာ အုပ်စုဗိုလ်အနေဖြင့် ကွာတားဖိုင်နယ်သို့တက်ရောက်လာပြီး ကွာတားဖိုင်နယ်တွင် ဧရာ၀တီအသင်းကိုအနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ ရှုံးပွဲမရှိ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ဇန်နဝါရီ ၁၈ ရက်နေ့က ဆီမီးဖိုင်နယ်တွင် မွန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ရခိုင်အသင်းက အနိုင်ရရှိခဲ့သည်။
ယခုကဲ့သို့ ရခိုင်အမျိုးသမီးအသင်း ပထမဆုချန်ပီယံဖြစ်ခြင်းသည် တိုင်းနှင့်ပြည်နယ် ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိ၇သည်။
#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.