Preview

ရခိုင်မှဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေး ရခိုင်ယူနိုက်တက်ဘောလုံးသင်းက အလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပမည်

ဖေဖော်ဝါရီ ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :3826
အားကစား သတင်း
အေးမြတ်ခိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/၂၀၂၂
ရခိုင်မှဘောလုံးသမားကောင်းများ ပြန်လည်ထွက်ပေါ်လာရေးအတွက် အလွတ်တန်းဘောလုံးပြိုင်ပွဲတစ်ခုကို ရခိုင်ယူနိုက်တက်ဘောလုံးသင်းက ကြီးမှူးကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီဥက္ကဋ္ဌ ကိုသန်းလှိုင်က နိရဥ္စရာကို ပြောသည်။
"ဒီလိုပွဲတွေလည်း မကျင်းပတာ အရမ်းကြာပြီလေ။ အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်မှာ ဘောလုံးသမားတွေ ပြန်လည်ထွက်ပေါ်လာရေးအတွက် ဖြစ်တယ်" ဟု ပြောသည်။
ပြိုင်ပွဲအတွက် လျှောက်လွှာဖောင်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ ၁၉ ရက်နေ့အထိ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းရှေ့ရှိ ရခိုင်ယူနိုက်တက်ဘောလုံးသင်းရုံးခန်း၊ အာရှအားမာန်ဗီနိုင်းဆိုင်နှင့် ပြည်နယ်အာ/ကာရုံးတို့တွင် ထုတ်ပေးသွားမည်ဟု သိ၇သည်။
လျှောက်ထားသည့် အသင်းအရေတွက်ပေါ်မူတည်၍ ပွဲစဉ်စတင်မည့်နေ့ကို ကြေညာသွားမည်ဖြစ်ပြီး မတ်လ ပထမပတ်ကို လျာထားကြောင်း ကိုသန်းလှိုင်က ပြောသည်။
"ဒါသာ အောင်မြင်ရင် စဉ်ဆက်မပြတ်လုပ်ဖို့ အစီစဉ်ရှိတယ်။ နောက်ပိုင်း U18 တို့ U 20 တို့လုပ်ဖို့အစီစဉ်ရှိတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အောင်မြင်ခဲ့ရင် ပြောတာနော်"ဟု ပြောသည်။
ပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ငွေကျပ် သိန်း ၅၀၊ ဒုတိယဆု သိန်း ၃၀၊ တတိယဆု သိန်း၂၀၊ စတုတ္ထဆု သိန်း ၁၀ တို့အား ချီးမြှင့်ပေးသွားမည်ဟု သိ၇သည်။
အဆိုပါပြိုင်ပွဲကို ၇ခိုင်ယူနိုက်တက်ဘောလုံးအသင်းမှကြီးမှူးကာ ပြည်နယ်အား/ကာဌာနနှင့်ပူးပေါင်း၍ စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်းတွင် လာမည့်မတ်လပထမပတ်အတွင်းပြုလုပ်ရန် လျာထားကြောင်း သိ၇သည်။
ပြိုင်ပွဲအတွက် နယ်မှလာသည့်အားကစားသမားများကို နေရာထိုင်ခင်းစီစဉ်ပေးမည်ဖြစ်သော်လည်း ပြိုင်ပွဲကာလအတွင်း မိမိအစီအစဉ်ဖြင့်စားသောက်ရမည်ဟု သိ၇သည်။
နယ်ဝေးမှလာရောက်မည့် Club များအတွက် ခရီးစရိတ်ထုတ်ပေးသွားမည်ဟု သိ၇သည်။
-----------------------
#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.