Preview

ရခိုင်သူ မခင်ခင်စု ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ၏ Kurash အားကစားနည်းတွင် ကြေးတံဆိပ်ဆုရရှိ

မေ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :7437
အားကစား သတင်း
နိရဉ္ဇရာ၊ မေ ၁၁ /၂၀၂၂
ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ၏ Kurash အားကစားနည်းတွင် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်သည့် မခင်ခင်စုက ကြေးတံဆိပ်ဆုရရှိခဲ့သည်ဟု သိ၇သည်။
ယမန်နေ့ မေလ ၁၀ ရက်တွင် ကျင်းပခဲ့သည့် Kurash အားကစားနည်း၏ 48kg ပြိုင်ပွဲ၌ အိမ်ရှင်ဗီယက်နမ်မှ ရွှေတံဆိပ်ဆု၊ ဖိလစ်ပိုင်မှ ငွေတံဆိပ်ဆုရရှိခဲ့ပြီး ကြေးတံဆိပ်ဆုကို မြန်မာနိုင်ငံမှ မခင်ခင်စုက ရရှိခဲ့ခြင်းဖြစ်သည်။
မခင်ခင်စုမှာ မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက် နယ်၊ ဥယျာဥ်သာရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ပြီး ၎င်းမှာ ငယ်စဉ်ကတည်းကနေ အားကစားထူးချွန် သူတစ်ဦးဖြစ်သည်ဟု မခင်ခင်စု၏သူငယ်ချင်း ဖြစ်သူ ကိုအောင်အောင်က ပြောသည်။
"သူက ငါးတန်းနှစ်အောင်ပြီးတာနဲ့ အားကစားထူး ချွန်မှုနဲ့ ရန်ကုန်ကိုပါသွားတယ်။ အဲဒီနောက်သူ အရင်တုန်းကဆီးဂိမ်းတွေမှာလည်း မနည်းဝင်ပြိုင် ဖြစ်ခဲ့တယ်။ အဲဒီပြိုင်ပွဲတွေမှာလည်း သူပထမမဟုတ်သိတိုင်အောင် ဆုတွေရခဲ့ရတယ်။ အခုလည်း ဆုရတယ်ပေါ့။ အခုလိုသူငယ်ချင်းတစ်ယောက်ဆုရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။ နောက်နောင်မှာလည်း အောင်မြင်တဲ့ဆုတွေအများကြီး ၇ပါစေလို့ ဆုတောင်းပေးပါတယ်"ဟုပြောသည်။
Kurash အားကစားနည်းတွင် မြန်မာနိုင်ငံမှ
အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဧရာ၀တီတိုင်းမှ အားကစားမယ် မအေးအေးအောင်က ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု သိ၇သည်။
ဆီးဂိမ်းပြိင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အားကစားသမား ၂၉၃ ဦးက အားကစားနည်း ၂၀ တွင် ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းလည်းဖြစ်သည်။
ဆိမ်းဂိမ်းတွင် မလေးရှားနိုင်ငံက ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၅ ခု စုစုပေါင်း ၁၄ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၁ နေရာတွင် ရပ်တည်နေသည်ဟု သိ၇သည်။
အိမ်ရှင် ဗီယက်နမ်မှ ရွှေ ၆ ခု၊ ငွေ ၅ ခု၊ ကြေး ၃ ခု စုစုပေါင်း ၁၄ ခုနှင့် ဒုတိယ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က ရွှေ တံဆိပ် ၁ ခုစီနှင့် နိုင်ငံအလိုက် အဆင့် ၃ ၊ ၄ နှင့် ၅ နေရာတွင် ရပ်တည်နေပြီး ထိုင်းက အဆင့် ၆ ၊ မြန်မာက အဆင့် ရ နေရာတွင် ရပ်တည်နေသည်ဟု သိ၇သည်။ (NN - 11)
Photo-Myanmar Kurash Association

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.