English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၀၁ရက်၊ ၂၀၂၅
လှူရန်
Preview
အသက် ၁၉ နှစ်အောက် ခရိုင်ပေါင်းစုံဘောလုံးပွဲ သံတွဲခရိုင်အသင်းက ကျောက်ဖြူခရိုင်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲ
ဇွန် ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :5610
အားကစား သတင်း
နိရဥ္စရာ၊ ဇွန် ၁၇/ ၂၀၂၂
၇ခိုင်ပြည်နယ်မှ အသက် ၁၉ နှစ်အောက် ခရိုင်ပေါင်းစုံ U – 19 အမျိုးသား ဘောလုံးပြိုင်ပွဲကို စစ်တွေတွင်ကျင်းပခဲ့ရာ သံတွဲခရိုင်အသင်းက ဗိုလ်စွဲသွားခဲ့သည်ဟု သိ၇သည်။
ယမန်နေ့ ဇွန်လ ၁၆ ရက်က စစ်တွေရှိ ဓည၀တီအားကစားကွင်းတွင် ကျင်းပခဲ့သည့် ဖိုင်နယ်ဗိုလ်ပွဲစဉ်၌ သံတွဲခရိုင်အသင်းက ကျောက်ဖြူ ခရိုင်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခြင်းဖြစ်သည်ဟု အနိုင်ရအသင်းကို အုပ်ချုပ်ဦးစီးသူတစ်ဦးလည်းဖြစ်၊ နည်းပြဆရာ တစ်ဦးလည်းဖြစ်သည့် ဦးဇော်ဝင်းက နိရဥ္စရာကို ပြောသည်။
“သံတွဲခရိုင်အသင်းက ပြိုင်ပွဲတွေမှာ ဆုမရခဲ့တာတော်တော်ကြာပါပြီ။ ဘောလုံးမှာပေါ့။ ဒီအသင်းက ကလေးတွေနဲ့ ဖွဲ့ထားတဲ့အသင်းပေါ့။ ဒီပွဲမှာ ထိုက်ထိုက်တန်တန်နဲ့ ဆုရရှိသွားတော့ ကျွန်တော်တို့ရင်ထဲမှာ တော်တော်လေး ပျော်ပါတယ်။ သံတွဲခရိုင်ကလည်း တော်တော်လေးပျော်နေကြပါတယ်” ဟု ပြောသည်။
ဗိုလ်စွဲသွားသည့် သံတွဲခရိုင်အသင်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်ကျော်မင်းက ပထမဆုအဖြစ် တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကလည်း လည်ဆွဲဆုတံဆိပ်များနှင့် ငွေသားဆု ကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိ၇သည်။
အလားတူ ဒုတိယဆုရရှိသည့် ကျောက်ဖြူခရိုင်အသင်းကိုလည်း ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်ဆွဲဆုတံဆိပ်များနှင့် ငွေသားဆု ကျပ် ရ သိန်းကို ချီးမြှင့်ခဲ့သည်ဟုလည်း သိ၇သည်။
ယင်းအပြင် အကောင်းဆုံး ဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိ၇သည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ဇွန်လ ရ ရက်မှစတင်ကာ စစ်တွေမြို့ ဝေသာလီအားကစားကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိုင်နယ်ပွဲကိုသာ ဓည၀တီအားကစားကွင်း၌ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ရခိုင်ရှိ သံတွဲခရိုင်၊ ကျောက်ဖြူခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်နှင့် စစ်တွေခရိုင်စသည့် ခရိုင်(၅)ခရိုင်မှ အသင်း (၅)သင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိ၇သည်။ (NN-12)
ဓာတ်ပုံ - ဦးဇော်ဝင်း
#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.