သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဘရာဇီးလ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဉ္စရာ၊ နိုဝင်ဘာ ၂၀/ ၂၀၂၂(ကမ္ဘာ့ဖလားဘောလုံးပွဲသတင်း)

ဒီနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ်လို့ ရေပန်းအစားဆုံးအသင်းက ဘရာဇီးလ် ဖြစ်ပြီး ဒုတိယ ရေပန်းအစားဆုံးအသင်းက အာဂျင်တီးနားပါ။ တတိယ ရေပန်းအစားဆုံးအသင်းက ပြင်သစ် ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ချန်ပီယံဖြစ်မယ့်အသင်းအဖြစ် ထင်ကြေးပေးခံရမှု အနိမ့်ဆုံးမှာ ရှိနေပါတယ်။

ခုချိန်ထိ ကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂၂)ကြိမ်မှာ ဘရာဇီးလ်က (၅)ကြိမ်ဗိုလ်စွဲထားပြီး နောက်ဆုံး ဗိုလ်စွဲခဲ့တာ လွန်ခဲ့တဲ့ နှစ်(၂၀)၊ ၂၀၀၂ ခုနှစ် ကိုးရီးယား-ဂျပန် ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခဲ့စဉ်ကပါ။ အဲဒီနောက်ပိုင်း ဘရာဇီးချန်ပီယံမဖြစ်တော့ဘဲ ဥရောပနိုင်ငံတွေကပဲ ဗိုလ်စွဲခဲ့တယ်။

ဒီနှစ်တော့ ဥရောပအပြင်က အသင်းတစ်သင်း ဗိုလ်စွဲမယ်လို့ ခန့်မှန်းကြပြီး ဒီအသင်းဟာ ဘရာဇီးဖြစ်မယ်လို့ ခန့်မှန်းနေကြတယ်။ ဒီတစ်ခါ ဗိုလ်စွဲမယ်ဆိုရင်တော့ ဘရာဇီးဟာ ကမ္ဘာ့ဖလားကို (၆) ကြိမ်မြောက်ဆွတ်ခူးတဲ့ အသင်း ဖြစ်လာမှာပါ။

ကမ္ဘာ့ အဆင့်(၁) ဘရာဇီးအသင်းဟာ (၇)ပွဲ ဆက်တိုက် အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်လာခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ (၁၅)ပွဲ ရှုံးပွဲ မရှိသေးပါဘူး။ နည်းပြ တိုက် ရွေးချယ်ထားတဲ့ (၂၆)ဦး လူစာရင်းမှာ နေမာ၊ အန်တိုနီ၊ ဂါဘရီယလ်ဂျီးဆပ်၊တီယာဂို ဆေးလ်ဗား၊ ရစ်ချတ်လီဆင်၊ ပီဒရို၊ ရာဖင်ဟာ၊ ဂါဘရီယလ် မာတင်နယ်လီ ၊ ဖာဘင်ဟို ၊အလီဆင်၊ အီဒါဆင် စတဲ့ ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေတဲ့ ကစားသမားတွေ ပါဝင်ကြတယ်။

နည်းပြ လိုင်ယွန်နယ် စကိုလာရီရဲ့ အာဂျင်တီးနားကလည်း ၃၆ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ ခြေစစ်ပွဲအောင်လာပြီး ဗိုလ်စွဲဖို့ ဒုတိယမြောက် ရေပန်းစားတဲ့အသင်းအဖြစ် ခန့်မှန်းနေကြပါတယ်။

ဘီဘီစီ အားကစားခန့်မှန့်ကြသူများက ဘရာဇီးဗိုလ်စွဲမယ်လို့ (၇)ယောက်က ထင်ကြေးပေးပြီး သုံးယောက်က အာဂျင်တီးနား ကိုထင်ကြေးပေးကာ နှစ်ယောက်ကတော့ ပြင်သစ် ဗိုလ်စွဲမယ်လို့ ခန့်မှန်း ထင်ကြေးပေးထားပါတယ်။

CWM/ 20-11-2022

ဆက်စပ် သတင်းများ