နိရဉ္စရာ၊ နိုဝင်ဘာ ၂၃- ၂၀၂၂
ကမ္ဘာ့ဖလားအုပ်စု D ရဲ့အဖွင့်ပွဲစဉ်အဖြစ်လက်ရှိ ချန်ပီယံ ပြင်သစ်အသင်း နဲ့ ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာပြင်သစ်အသင်းက (၄-၁) နဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။
ပွဲအစ၉ မိနစ်မှာပဲ ဩစတြေးလျအသင်းက ကရိတ် ဂေါ်ဒွင် ဦးဆောင်ဂိုး သွင်းခဲ့လို့ပြင်သစ်အသင်းက နောက်က လိုက်ကစားခဲ့၇တယ်။ ပြင်သစ်အတွက် ချေပဂိုးကို ၂၇ မိနစ်မှာသီအို ဟာနန်ဒက် ရဲ့ ပေးပို့မှုနဲ့ အေဒရီယန် ရာဘီယော့ က သွင်းယူပြီးအနိုင်ဂိုးကိုတော့ ၃၂ မိနစ်မှာ ပြင်သစ်တိုက်စစ်မှူး အိုလီဗီယာ ဂီယော့ဒ်က သွင်းခဲ့ပါတယ်။
ဒုတိယပိုင်း၆၈ မိနစ်မှာ ဒမ်ဘီလီရဲ့ပေးပို့မှု နဲ့ ဘာပေးက တတိယမြောက် ဂိုးသွင်းခဲ့ပြီး (၇၁)မိနစ်မှာတော့ ဂီယော့ဒ်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူနိုင်လို့ပွဲအပြီး(၄-၁) နဲ့ အနိုင်ရကာ ပွဲဦးထွက် သုံးမှတ်၇ယူနိုင်ခဲ့တယ်။
ပြင်သစ်၊ဩစတြေးလျ။ ဒိန်းမတ် နဲ့ တူရကီတို့ ပါဝင်တဲ့ ပွဲမှာ ပြင်သစ်က ၇မှတ် သုံးမှတ် နဲ့ဦးဆောင်နေပြီး လာမယ့် နိုဝင်ဘာ(၂၆) မှာ ဒိန်းမတ်အသင်းနဲ့ ထပ်မံ၇ကစားပါမယ်။
ပြင်သစ်အသင်းရဲ့အခုနိုင်ပွဲဟာ ချန်ပီယံအသင်းတွေ အဖွင့်ပွဲရှုံးနိမ့်ပြီး အုပ်စုအဆင့်ကထွက်ရတတ်တယ်ဆိုတဲ့ အိပ်မက်ဆိုးကို ချေဖျက်နိုင်ခဲ့တယ်လို့ ဆို၇မယ်။ CWM