နိရဉ္စရာ၊ နိုဝင်ဘာ၂၃-၂၀၂၂ (ကမ္ဘာဖလား)
ကာတာကမ္ဘာ့ဖလားအုပ်စု C ပွဲစဉ်အဖြစ်ပိုလန် နဲ့ မက္ကဆီကို တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ မိနစ်(၉၀) အထိ အကြိတ်အနယ်ကစားကြပေမယ့် ဂိုးမရှိ သရေ၇လဒ်နဲ့ ပြီးဆုံးသွားပါတယ်။
ဒီပွဲစဉ်မှာ နာမည်ကျော် ပိုလန်အသင်းခေါင်းဆောင်လီဝန်ဒေါစကီး ဒုတိယပိုင်း ၅၈ မိနစ်မှာ မှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့်မက္ကဆီကို ဂိုးသမား အိုချာ ကာကွယ်ပုတ်ထုတ်နိုင်ခဲ့လို့ နစ်နာသွားခဲ့ရတယ်။ပိုလန်ဂိုးဧရိယာအတွင်း တိုးဝင်လာတဲ့ လီဝန်ဒေါစကီးကို မက္ကဆီကို နောက်ခံလူတစ်ဦးကအင်္ကျီဆွဲပြီး လဲကျသွားတာကို VAR ကြည့်ပြီးပင်နယ်တီ သတ်မှတ်ခံခဲ့၇တာဖြစ်တယ်။
အုပ်စုC မှာ မက္ကဆီကို နဲ့ပိုလန် ဂိုးမရှိ သရေကျသွားပြီး မထင်မှတ်ပဲ နာမည်ကြီး အာဂျင်တီးနား က ဆော်ဒီအာရေဗျကို (၁-၂) နဲ့ ရှုံးသွားတဲ့အတွက် ဒီအုပ်စုကို ဆော်ဒီက ၇မှတ်(၃) မှတ်နဲ့ဦးဆောင်နေပြီး အာဂျင်တီးနားက အုပ်စု နောက်ဆုံးအဆင့်မှာ ရမှတ် သုည နဲ့ ရပ်တည်နေတယ်။နိုဝင်ဘာ(၂ရ)မှာ အာဂျင်တီးနား နဲ့ မက္ကဆီကို ဒုတိယပွဲစဉ်ထပ်မံယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။
သတင်း- CWM