Preview

အသင်းငယ် တူနီးရှားက ဥရောပအသင်း ဒိန်းမတ်ကို သရေကစား

နိုဝင်ဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :9388
အားကစား သတင်း

နိရဉ္စရာ၊ ိုဝင်ဘာ၂၃-၂၀၂၂

 

ကမ္ဘာ့ဖလားအုပ်စု D ဒိန်းမတ်နဲ့တူနီးရှားတို့ ပွဲစဉ်ဟာ မိနစ် (၉၀) အထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ပဲ သရေပွဲပြီးဆုံးသွားခဲ့တယ်။ ဒိန်မတ်အသင်းက လူစားဝင်လာသူ ကော်နီလီးယပ်စ်ရဲ့ ဂိုးတိုင်ထိထွက်သလို ရသင့်တဲ့ ပယ်နယ်တီလည်း မရခဲ့ဘူး။အလားတူ တူနီးရှားဘက်က သေချာပေါက်ကန်သွင်းခွင့်ရရှိတဲ့ ဂိုးသွင်းခွင့် နှစ်ကြိမ်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး။


ခြေစစ်ပွဲအောင်လာတဲ့အာရပ်နိုင်ငံတစ်နိုင်အနေနဲ တူနီရှားအသင်းဟာ ပွဲစကတည်းက ရုန်းကန်ကစားခဲ့ပြီးဂိုးသွင်းခွင့်တွေလည်း ရခဲ့တယ်။ ဒိန်းတ်အသင်း ဒုတိယပိုင်းမှာ ပယ်နယ်တီ ရရှိလုနီးဖြစ်ခဲ့ပေမယ့် VAR အဆုံးအဖြတ်ကြည့်ရှုပြီးဒိုင်က ဂိုးဧရိယာအတွင်း တူနီးရှားကစားသမားလက်ထိဘောကိုပင်နယ်တီအဖြစ်မသတ်မှတ်ခဲ့လို့ ဒိန်းမတ်တွေ နစ်နာသွားတယ်။


လာမယ့်စနေနေ့မှာတူနီးရှားက ဩစတြေးလျ နဲ့ ကစားရမှာဖြစ်ပြီး ဒိန်းမတ်က ပြင်သစ် နဲ့ ကစား၇ပါလိမ့်မယ်။ #cwm 


Photo by Sky sports

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.