နိရဉ္စရာ နိုဝင်ဘာ၂၃- ၂၀၂၂ (ကမ္ဘာဖလား)
ကမ္ဘာ့ထိပ်တန်းဘောလုံးအင်အားကြီး အာဂျင်တီးနားအသင်းကို အံ့အားသင့်ဖွယ်အနိုင်ရရှိလိုက်ပြီးတဲ့နောက် ဒီအောင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ဆောဒီအာရေဗျဘုရင်ဆယ်လ်မန်က နိုဝင်ဘာလ (၂၃)ရက်ကို အများပြည်သူတွေရဲ့ အလုပ်အားလပ်ရက်အဖြစ်ကြေညာလိုက်ပါတယ်။
ဒါကြောင့်မို့လို့နိုဝင်ဘာ(၂၃)မှာ ဆော်ဒီအာရေဗျမှာ အလုပ်သမား၊ ကျောင်းသား နဲ့ ဝန်ထမ်းတွေ အားလုံး ကျောင်းတက်စရာမလို၊အလုပ်ဆင်းဖို့မလိုဘဲ လွတ်လွတ်လပ်လပ် နေနိုင်ကြတယ်လို့ သိ၇တယ်။
ကမ္ဘာ့လားသမိုင်းမှာတုန်လှုပ်စရာအကောင်းဆုံးအဖြစ် အာရှအသင်းငယ် ဆော်ဒီအာရေဗျက ကမ္ဘာ့ဘောလုံးထိပ်တန်းအာဂျင်တီးနားကို နိုဝင်ဘာ(၂၂)၊ အုပ်စုC ပွဲစဉ်မှာ (၂-၁) နဲ့ အနိုင်ရရှိသွားခဲ့တယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားမက်ဆီ အပါအဝင် ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေကြတဲ့ ဘောလုံးသမားအများစု ပါဝင်တဲ့အာဂျင်တီးနားအသင်းဟာ လုံး၀ထင်မှတ်မထားဘဲ အာရှအသင်းငယ် ဆော်ဒီအာရေဗျကိုရှုံးနိမ့်သွားခဲ့တယ်။ ပထမပိုင်းပွဲစပြီးမကြာမီမှာ အာဂျင်တီးနားက ပင်နယ်တီရရှိပြီးမက်ဆီက သွင်းခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဒုတိယပိုင်း ပွဲအစမှာ ဆလာအယ်လ်ရှီရီနဲ့ ဆလမ်အယ်လ် ဒေါ်ဆာရီတို့ရဲ့ ချေပဂိုးနဲ့ အနု်င်ဂိုးကြောင့် ကမ္ဘာကျော်အာဂျင်တီးနားအသင်း ရေတိမ်နစ်ခဲ့၇တယ်။
ဆော်ဒီအာရေဗျရဲ့အာဂျင်တီးနားအပေါ် နိုင်ပွဲက ကမ္ဘာတစ်ဝန်းလုံးက ဘောလုံးပရိသတ်တွေကိုအံ့အားသင့်စေခဲ့သလို ဆော်ဒီအတွက် မယုံနိုင်စရာ အောင်ပွဲကြီးဖြစ်ခဲ့တယ်။ ဒါကြောင့်ဘုရင် ဆယ်လ်မန်က ဆော်ဒီပြည်သူတို့ရက် အလုပ်အားလပ်ရက်အဖြစ် နိုဝင်ဘာ(၂၃)ကိုကြေညာသတ်မှတ်လိုက်တာဖြစ်တယ်။ (CWM)