Preview

ဂျာမန်တွေကို ဘွန်ဒက်စ်လီဂါ ဆေးခါးကြီး ပြန်တိုက်ကျွေးလိုက်တဲ့ ဆာမူရိုင်းအပြာ ဂျပန်..။

နိုဝင်ဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :988
အားကစား သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၂၄/၂၀၂၂(ကမ္ဘာဖလား)

 

ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ-၂၃)ညနေက ဒိုဟာ၊ ခါလီဖာကွင်းမှာ ဂျပန်ဆာမူရိုင်းအပြာတွေက ကမ္ဘာ့ဖလား လေးကြိမ်ရဘောလုံးဘိုးအေ၊ ဘောလုံးဂုရုဂျာမနီကို အံ့အားသင့်ဖွယ် အနိုင်ရရှိသွားခဲ့တယ်။

 

ဒီမတိုင်ခင်တစ်ရက်က အာရှဘောလုံးချာတိတ် ဆောဒီက ကမ္ဘာ့ထိပ်သီး အာဂျင်တီးနားကိုအနိုင်ယူပြီးတဲ့နောက် ဂျပန်ရဲ့ ဂျာမနီနိုင်ပွဲဟာ အာရှသားတွေအတွက် ဒီနှစ်ကာတာကမ္ဘာ့ဖလား မှတ်တမ်းသစ်တွေပါ။

 

ဂျပန်အသင်းအတွက်ဒုတိယပိုင်းမှာ လူစားဝင်လာပြီး အနိုင်ဂိုးသွင်းခဲ့သူ နှစ်ဦးစလုံးဟာ ဂျမန်ဘွန်ဒက်စ်လီဂါကလပ် ဖရိုင်းဘတ် နဲ့ ဘိုချမ်မှာ ကစားနေတဲ့ ဂျပန်တိုက်စစ်မှူး ရစ်ဆူဒိုအန် နဲ့ တာကူမာ အာဆာနို တို့ပါပဲ။ သူတို့နှစ်ဦး ဟာ ဘွန်ဒက်စ်လီဂါက ရရှိခဲ့တဲ့အတွေ့အကြုံသင်္ခန်းစာတွေနဲ့ ဂျာမနီအသင်းကြီးကို အသည်းခွဲခဲ့တာပဲဖြစ်တယ်။

 

ပထမပိုင်းမှာဂျာမနီက ဘောလုံးပိုင်မှု ၇၀%၊ ဂိုးပေါက်ကန်သွင်းမှု (၁၆)ကြိမ်နဲ့တစ်ဖက်သတ်ဖိကစားပြီး  ၃၃မိနစ်မှာ ဂန်ဒိုဂမ်ရဲ့ပင်နယ်တီဂိုးနဲ့ အနိုင်ရထားပေမယ့် ဆာမူရိုင်းအပြာ ဂျပန်တွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓါတ်နဲ့ ဒုတိယပိုင်းမှာ ချေပဂိုး နဲ့ အနိုင်ဂိုးသွင်းပြီးဂျာမန်တွေကို အသည်းခွဲတာပါ။

 

တကယ်တော့လက်ရှိ ဂျပန်လက်ရွေးစင်အသင်းမှာ ဂျာမန်ဘွန်ဒက်လီဂါ မှာ ကစားနေကြတဲ့ကစားသမား(၈)ဦးအထိ ပါဝင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဘောလုံးဖွံ့ဖြိုးလာအောင်အများကြီးအကူအညီပေးခဲ့တာ ဂျာမနီပါ။ ဒီရှုံးပွဲဟာ ဂျမနီအတွက်တော့ကိုယ့်ဆေးခါးကြီးကိုယ်ပြန်မြို၇သလို အဖြစ်မျိုးပါ။

 

ဒုတိယပို်င်းတစ်ပိုင်းလုံးဆာမူရိုင်းအပြာတွေရဲ့ ရုန်းကန်မှုအောက် ဂျမနီပြားပြားဝပ်ခဲ့ပြီး ၇၅ မိနစ်မှာဂျပန်မက်ဆီ လို့ တင်စားကြတဲ့ ရစ်ဆူ ဒိုအန်နဲ့ ၈၃မိနစ်မှာ တာကူမာ အဆာနိုတို့ရဲ့ဂိုးနှစ်ဂိုးက ဂျာမန်တွေကို သင်္ခန်းစာပြန်ပေးလိုက်တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုပါ။

 

သတင်း- CMW

ဓာတ်ပုံ- The Japan Times, CAN, SportsHolidays, India today

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.