နိရဉ္စရာ၊နိုဝင်ဘာ၂၆ (ကမ္ဘာဖလား)
ကြာသပတေးနေ့ကဆားဗီးယားကို (၂-၀) နဲ့ အနိုင်ရတဲ့ ပွဲမှာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့လို့နာမည်ကျော် ဘရာဇီးတိုက်စစ်မှူး နေမာ နဲ့ နောက်ခံလူ ဒါနီလို တို့ ဘရာဇီးအသင်းနဲ့အတူပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိ၇ပါတယ်။
အုပ်စုG ကို ဦးဆောင်နေတဲ့ဘရာဇီးဟာ လက်ကျန်ပွဲများအဖြစ် ဆွစ်ဇာလန်၊ ကင်မရွန်း တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဘရာဇီးအသင်းဆရာဝန် ကတော့ သူတို့နှစ်ဦးဟာဆွစ်ဇာလန်နဲ့ တစ်ပွဲပဲ လွဲချော်မယ်လို့ ဆိုတယ်။
“ ပေါင်နဲ့ ခြေကျင်းဝတ်မှာ ဒဏ်ရာရထားကြတယ်။ ဆွစ်နဲ့ ပွဲကတော့ သေချာပေါက်လွဲမယ်၊ ဆက်ကစားဖို့ကုသမှုခံယူ၇ဦးမယ်”
နေမာဟာနှစ်ပေါင်းများစွာ ညာဘက် ခြေထောက် ခြေကျင်းဝတ်ဒဏ်ရာ ခံစားနေခဲ့ရတာဖြစ်ပြီးကြာသပတေးနေ့က ဒဏ်ရာရချိန်မှာ အတော် စိတ်ဓါတ်ကျသွားပုံ၇တယ်။
၂၀၁၄ကမ္ဘာ့ဖလားတုန်းကလည်း နေမာဟာ ကွာတားဖိုင်နယ် ကိုလံဘီယာနဲ့ ပွဲမှာဒဏ်ရာရခဲ့ပြီးတဲ့နောက် ဂျာမနီကို (၇-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဆီမီးဖိုင်နယ်မှာပါဝင်နိုင်ခြင်း မရှိခဲ့ဘူး။
သတင်း- CWM
ဓာတ်ပုံ- အင်တာနက်