Preview

မက်ဆီ-အမ်ဘာပေး အားပြိုင်မှု နဲ့ အာဂျင်တီးနား-ပြင်သစ် ဗိုလ်လုပွဲ

ဒီဇင်ဘာ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :8821
အားကစား သတင်း

ဒီဇင်ဘာ ၁၈/၂၀၂၂ (ကမ္ဘာဖလားသုံးသပ်ချက်)

 

နိုဝင်ဘာ(၂၀)မှာစတင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားရဲ့ ဇာတ်သိမ်းခန်းဟာ ဒီနေ့ ဒီဇင်ဘာ(၁၈)မှာ ရောက်ရှိလို့လာခဲ့ပါပြီ။

 

မှန်းဆချက်အမျိုးမျိုးနဲ့ တာထွက်လာခဲ့တဲ့ ပြိုင်ပွဲဟာနောက်ဆုံးမှာ ( အာဂျင်တီးနား-ပြင်သစ်) ဆိုတဲ့ ဇာတ်လိုက်နှစ်သင်းရဲ့ အားပြိုင်မှုနဲ့ ကမ္ဘာ့ဖလားသ၇ဖူကို ဘယ်သူကိုင်မြှောက်သွားမလဲဒီနေ့ည မြင်တွေ့၇ပါတော့မယ်။

 

လူ့ဘ၀ရဲ့မသေချာတဲ့ အနာဂတ်လိုပဲ ကိုယ်ဖြစ်ချင်တာတွေကို အိပ်မက် မက်ခဲ့ကြပေမယ့်လည်းအိပ်မက်အတိုင်း တစ်ထပ်တည်းတော့ ဖြစ်မလာခဲ့ပါဘူး။ ဒီပြိုင်ပွဲမှာရေပန်းအစားဆုံးအသင်းဟာ ဘရာဇီးပါ။ ဘရာဇီးဟာ ကွာတားဖိုင်နယ်မှာခရိုအေးရှားကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့၇တယ်။

 

ပြိုင်ပွဲမတိုင်မီကတော့ဂျာမနီလား၊ စပိန်လား၊ အင်္ဂလန်လား၊ ပြင်သစ်လား၊ အာဂျင်တီးနားလားအမျိုးမျိုး မှန်းဆခဲ့ကြပေမယ့် နောက်ဆုံး တွေ့ခဲ့ကြတာက အာဂျင်တီးနား-ပြင်သစ်ပါ။

 

ခုစာရေးနေချိန်အထိ ဘယ်သူချန်ပီယံဖြစ်မလဲ တပ်အပ် မပြောနိုင်သေးပါဘူး။ဘ၀ ရဲ့ အနာဂတ်ကို တပ်အပ်မပြောနိုင်သလိုပဲ ဒီဗိုလ်လုပွဲရဲ့အဖြေဟာလည်း နောက်ဆုံး ခရာမှုတ်ပြီးမှသာ ဘယ်သူ ချန်ပီယံဖြစ်မယ်ဆိုတာသိကြ၇မှာပါ။

 

နှစ်သင်းစလုံးရဲ့ပြီးခဲ့တဲ့မှတ်တမ်းတွေကို ကြည့်တဲ့အခါ အာဂျင်တီးနားက (၁၉၇၈၊၁၉၈၆) နှစ်ကြိမ် ဗိုလ်စွဲဖူးတယ်။ ၁၉၈၆(လွန်ခဲ့တဲ့ ၃၆နှစ်) မာရာဒိုနာ တို့ ခေတ်က နောက်ဆုံးပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ နောက်ဆုံးရောက်ခဲ့ပေမယ့် ဂျာမနီကို ရှုံးလို့ ဒုတိယ နဲ့ပဲကျေနပ်လိုက်၇တယ်။

 

ပြင်သစ်က(၁၉၉၈၊ ၂၀၁၈) နှစ်ကြိမ် ဗိုလ်စွဲထားတယ်။ ဘားသက်ဇ်၊ ဇီဒန်း၊ အွန်နရီ၊ပီရက်စ်၊ ဒက်ဆယ်လီ၊ ဒေးရွှန့်၊ ဘလန့်၊ ဗီအယ်ရာ စတဲ့ ကစားသမားများနဲ့၁၉၉၈ တုန်းက ပြင်သစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့အပြီး လွန်ခဲ့တဲ့လေးနှစ်(၂၀၁၈) ရုရှားကမ္ဘာ့ဖလားမှာတော့ လိုရစ်၊ ဗာရနီ၊ ဂျီရူး၊ အမ်ဘာပေး၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မင်း၊ လူးကပ်စ်ဟာနန်ဒက် စတဲ့ကစားသမားများနဲ့ ချန်ပီယံဖြစ်ခဲ့တယ်။ပေါ့ဘာ၊ ကန်တီတို့လို ကစားသမားတွေ မပါတာကလွဲရင် အခု နည်းပြဖြစ်နေတဲ့(၉၈ ချန်ပီယံ)ဒေးရွှန့်ရဲ့ လက်ရှီအသင်းမှာ ၂၀၁၈ ချန်ပီယံအသင်းကကစားသမားတွေအများကြီး ပါဝင်နေသေးတယ်။ ပြင်သစ်ကလက်ရှိချန်ပီယံ ဖြစ်သလို လျင်မြန်တဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေး က ခုချိန်ထိ (၅)ဂိုးသွင်းထားပြီး ရွှေဖိနပ်ဆု ချိန်ရွယ်နေတယ်။

 

အာဂျင်တီးနားနဲ့ ပတ်သက်လို့ ပြောစမှတ်အတွင်ဆုံး၊ အမွှန်းတင်ခံ၇ဆုံး နဲ့ အထင်ရှားဆုံးက"မက်ဆီ" ပါ။ မက်ဆီကလည်း ခုချိန်ထိ (၅)ဂိုး သွင်းထားပြီး goldenboot ချိန်ရွယ်နေတယ်။ အသင်းတွေက ကစားသမား တစ်ဦး နှစ်ဦးအပေါ် အမီပြုနေတာ မဟုတ်ပေမယ့်ထူးချွန်တဲ့ ကစားသမား၊ဂိုးသွင်းသေချာပြီး ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမားတွေက အသင်းရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးတတ်ကြတယ်။ မက်ဆီဟာခရိုအေးရှားကို သုံးဂိုးပြတ် နိုင်တဲ့ပွဲမှာ လူငယ်တိုက်စစ်မှူး အယ်လ်ဗာရက်စ် ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံးဖန်တီးပေးခဲ့သလို အမ်ဘာပေးကလည်း မော်ရိုကို ကို နှစ်ဂိုးပြတ် နိုင်တဲ့ပွဲမှာကိုလို မူအာနီ ဂိုးသွင်းနိင်အောင်မော်ရိုကို နောက်တန်းကစားသမားတွေကို တစ်ကိုယ်တော် ထိုးဖောက်ခဲ့တယ်။ပိုလန်နဲ့ပွဲမှာ အမ်ဘာပေး သွင်းခဲ့တဲ့ နှစ်ဂိုးစလုံးဟာ ဧရိယာအစပ်ကဖြစ်ပြီးအဆင့်မြင့်တယ်။ မက်ဆီက အသက်(၃၅)နှစ်၊ အမ်ဘာပေးက (၂၃) နှစ် ဖြစ်လို့ အသက်အရွယ်ကွာသလို အတွေအကြုံလည်းကွာတယ်။

 

သူတို့နှစ်ဦးဟာလက်ရှိ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ အတူကစားနေကြသူတွေဖြစ်တယ်။မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီဆု မရဖူးသေးတာကလွဲရင်အကောင်းဆုံးဘောလုံးသမားဆု (ရ)ကြိမ်ရရှိထားတယ်။

 

အာဂျင်တီးနားအနေနဲ့၂၀၁၄၊ ဘရာဇီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီကို အချိန်ပိုမှာဂေါ့ဇီ ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ်ခဲ့၇ပြီးတဲ့နောက်ခုတစ်ကြိမ်မှာ ဒီအဖြစ်မျိုး ထပ်မကြုံဖို့ လိုတယ်။ တချို့က ဒီနှစ် ကမ္ဘာ့ဖလားဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားဖြစ်အောင် scripရေးထားပြီးဖြစ်တယ်လို့ ပြောနေကြတယ်။ ဒရာမာသဘောအရ ပွဲဦးမှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်သွားတယ်။ မက်ဆီနဲ့ အာဂျင်တီးနားအတွက်စိတ်မကောင်းစရာဖြစ်ကြ၇၊ ဆော်ဒီကအာရှသူရဲကောင်းအဖြစ် တင်စားခံ၇။

 

နောက်တော့ဇာတ်လမ်းက ပြန်ချိုးကွေ့သွားတယ်။ မက်ဆီတို့အာဂျင်တီးနား တောက်လျှောက် အနိုင်၇ပြီး ဗိုလ်လုပွဲ တက်လာခံ့တယ်။ နောက်ဆုံးမှာ ပြင်သစ် နဲ့တွေ့တယ်။ တချို့က ကလင်ဒါ သဘော မှန်းဆကြတယ်။ဘရာဇီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တောင်အမေရိကအသင်းအာဂျင်တီးနား နဲ့ ဥရောပအသင်း ဂျာမနီတွေ့ပြီး ဂျာမနီ အနိုင်ရတယ်။အခု တစ်ခါ တောင်အမေရိကအသင်း နဲ့ ဥရောပအသင်းတို့ ဗိုလ်လုပွဲမှာ ထပ်ဆုံတော့ ဥရောပအသင်း ပြင်သစ်ပဲ (ဂျာမနီ နိုင်ခဲ့သလို)နိုင်မယ်လို့ မှန်းဆတယ်။ ဘောလုံးက လုံးနေတော့ ဘယ်မှန်းဆချက် မှန်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ ခုလိုမျှော်မှန်းသလို ဖြစ်တာ/မဖြစ်တာကိုကပဲ ပြိုင်ပွဲတစ်ပွဲ၊ (Games တစ်ခု)ရဲ့ ၇သပဲ မဟုတ်ပါလား..။

 

သတင်းသုံးသပ်ချက်-CWM

ဓာတ်ပုံ-အင်တာနက်

#အားကစား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.