သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မန်ယူ နဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီ ရော်နယ်လ်ဒို ဆော်ဒီကလပ် အယ်လ် နက်ဆာသို့ ပြောင်းရွှေ့သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ ဒီဇင်ဘာ ၃၁/၂၀၂၂ (နိုင်ငံတကာ အားကစား)

 

ကမ္ဘာကျော် မန်ချက်စတာယူနိုက်တက် နဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်လ်ဒိုဟာ ဒီဇင်ဘာ(၃၀)ရက်နေ့က ဆော်ဒီအာရေဗျ ဘောလုံးကလပ် အယ်လ် နက်ဆာကို  နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိသွားပြီလို့ သိရတယ်။ စီ ရော်နယ်လ်ဒို နဲ့ အယ် နက်ဆာတို့အကြား ၂၀၂၅ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲပြီးစာချုပ်တန်ဘိုးကိုတော့ တရားဝင် ကြေညာခြင်း မပြုခဲ့ပါဘူး။

 

ခန့်မှန်းချက်များအရ ရောနယ်လ်ဒိုရဲ့ စာချုပ်တန်ကြေးဟာ ယူရို သန်း ၂၀၀ ဒေါ်လာ ၂၁၄.၀၄သန်း) ရှိနိုင်တယ်လို့ ဆိုတယ်။ 

 

အယ်လ်နက်ဆာရဲ့ ထုတ်ပြန်ချက်ထဲမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ()ကြိမ်ရ စီရောနယ်လ်ဒိုဟာ ၂၀၂၅ ခုနှစ်အထိ အယ်လ်နက်ဆာ ကလပ်မှာ ကစားဖို့ ရောက်လာခဲ့ပြီလို့ ဖော်ပြထားတယ်။ 

 

မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်လ်ဒို ဟာ ပြီးခဲ့တဲ့လ(ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ)က ရုပ်သံအင်တာဗျူးတစ်ခုမှာ မန်ယူနည်းပြ အဲရစ်တန်ဟက်ရဲ့ သူ့အပေါ်ဆက်ဆံခဲ့ပုံများနဲ့ ပတ်သက်ပြီး ဒေါသပေါက်ကွဲ ရင်ဖွင့်ခဲ့သလို မန်ယူကစားဖော်တချို့က သူ့ကို သစ္စာဖောက်ခဲ့တယ်လို့ ပြောဆိုခဲ့တယ်။


စီရော်နယ်လ်ဒိုရဲ့ ရုပ်သံအင်တာဗျူး ထွက်လာပြီးတဲ့နောက် နည်းပြတန်ဟက်က သူ့ကို အသင်းက လမ်းခွဲလိုက်ပြီဖြစ်လို့ ပြန်လာစရာ မလိုတော့ဘူးလို့ တုန့်ပြန်ခဲ့တယ်။ 

 

ကမ္ဘာ့ဖလားအပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ရော်နယ်လ်ဒိုဟာ နောက်ဆုံးမှာ ဆော်ဒီအာရေဗျကလပ်အယ်နက်ဆာကို ပြောင်းရွှေ့ရောက်ရှိသွားတာ ဖြစ်တယ်။ 

 

စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ မန်ယူကို ပြောင်းရွှေ့ရောက်ရှိလာချိန်က စလို့ထင်ရှားတဲ့ တောင်ပံတိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး မန်ယူမှာ ဒေးဗစ်ဘက်ဟမ်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်()ဂျာစီကို ဝတ်ဆင်ခဲ့တယ်။ ဖာဂူဆန်လက်ထက် မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလား ()ကြိမ် ရယူခဲ့ပြီး၂၀၀၉ ကနေ ၂၀၁၈ အတွင်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကာ လာလီဂါချန်ပီယံ နှစ်ကြိမ်၊ စပိန်ဖလား နဲ့ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ခဲ့တယ်။ 


၂၀၁၈မှာ အီတလီကလပ် ဂျူဗင်တပ်ကို ပြောင်းရွှေ့ပြီးတဲ့နောက်စီးရီးအေ ချန်ပီယံ နှစ်ကြိမ်နဲ့ ကိုပါအီတာလီယာဖလား ဆွတ်ခူးပေးခဲ့တယ်။ 

 

စီရော်နယ်ဒိုဟာ ၂၀၂၁ မှာ မိခင်ကလပ် မန်ယူကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပေမယ့် မန်ယူမှာ ခြေစွမ်းမပြနိုင်ဖြစ်ပြီး ပွဲထွက်ခွင့်တချို့ ဆုံးရှုံးခဲ့တဲ့အတွက်နည်းပြတန်ဟက်နဲ့ အဆင်မပြေဖြစ်ခဲ့တယ်။၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ခဲ့ပြီး ပင်နယ်တီကတစ်ဆင့် တစ်ဂိုးသွင်းခဲ့ပေမယ့် နည်းပြဆန်းတို့စ်က ဆွစ်ဇာလန်ကို အနိုင်ရတဲ့ပွဲမှာ သူ့ကို ထည့်သွင်းခြင်းမပြုဘဲ အရန်ခုံမှာသာ ထိုင်ခိုင်းထားခဲ့တယ်။ မော်ရော့ကို ကို ရှုံးနိမ့်ခဲ့တဲ့ ကွာတာဖိုင်နယ်ပွဲစဉ်မှာ သူ့ကို ဒုတိယပိုင်းကျမှ လူစားဝင်ကစားစေခဲ့တယ်။ 

 

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ် နက်ဆာမှာ သူ့ဘဝရဲ့ နောက်ဆုံးဘောလုံးကစားချိန်တွေ ကုန်ဆုံးပြီးရင် အသက်(၄၀)မှာ ဘောလုံးလောက က လုံးဝ အနားယူမယ်လို့ သိရတယ်။ 


NN-27

ဓာတ်ပုံ- အင်တာနက်

ဆက်စပ် သတင်းများ