သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မက်ဆီ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဖီဖာချီးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၃ (နိုင်ငံတကာအားကစား)

 

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းနှင့်အတူ အောင်ပွဲခံခဲ့သူ အာဂျင်တီးနား တိုက်စစ်မှုး လိုင်ယွန်နယ် မက်ဆီအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က တနင်္လာနေ့(ဖေဖော်ဝါရီ-) တွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။ 


ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုအား စပိန်အသင်းမှ အလက်ဇီယာပူတယ်လက်စ်က ဆွတ်ခူးရရှိသွားသည်။ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

 

မက်ဆီသည် ပြိုင်ဘက် ပြင်သစ်အသင်းနှင့် ပဲရစ် စိန့်ဂျာမိန်း ( PSG) အသင်းမှ ကစားဖော် အမ်ဘာပေးနှင့် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမား ဘင်ဇီးမားတို့ကို ကျော်ဖြတ်၍ ယခုဆုကို ဆွတ်ခူးရရှိသွားခြင်းဖြစ်သည်။ 

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာက ပေးအပ်သည့် အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီသည် ၂၀၁၆ခုနှစ်က ရရှိထားသူဖြစ်၍ ယခုဆုမှာ သူဒုတိယမြောက်လက်ခံရရှိသော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဖြစ်သည်။ 

 

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ကမ္ဘာတစ်ဝန်းလုံးရှိ လက်ရွေးစင်အသင်းနည်းပြများ၊ အသင်း ခေါင်းဆောင်များ၊ ဂျာနယ်လစ်များနှင့် ပရိသတ်များက တစ်နှစ်တာအတွင်း အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်သူကို မဲပေး ရွေးချယ်ခဲ့ရာ ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် အကောင်းဆုံးကစားခဲ့သူ မက်ဆီကို အားလုံးကရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ 

 

ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ပြင်သစ် နှင့် အာဂျင်တီးနားတို့ ဆုံတွေ့ကြရာ အာဂျင်တီးနား အသင်းအတွက် မက်ဆီက ()ဂိုးသွင်းပြီး ပြင်သစ်မှ အမ်ဘာပေးက သုံးဂိုးသွင်းခဲ့သည် တစ်ဖက်သုံး ဂိုးစီ သရေကျခဲ့သော = ဗိုလ်လုပွဲကို ပင်နယ်တီအဆုံးအဖြတ် ကန်ရာ အာဂျင်တီးနားက အနိုင်ရပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိသွားခဲ့သည်။ 

 

အကောင်းဆုံးဘောလုံးသမားဆု ()ကြိမ်ရဖူးသော အသက်(၃၅)နှစ်အရွယ် မက်ဆီသည် ဖီဖာက ပေးအပ်သည့် ယခုဆုကို ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ကျော်လွန်ပြီး အမှတ်အများဆုံး ရခဲ့ပြီး အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို စပိန်အမျိုးသမီးအသင်းမှ အလက်ဇီယာ ပူတယ်လက်စ် က ဆွတ်ခူး ရရှိသွားခဲ့သည်။ 

ref:cna 

 

ဆက်စပ် သတင်းများ