စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရာသီမကုန်မီ အင်္ဂလိပ်ပရီးမီးယားလိဂ်ချန်ပီယံဖလားကို မန်စီးတီးဆွတ်ခူးသိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 829

မေလ(၂၁)ရက် ညနေပိုင်းက အီတီဟတ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်တွင် မန်စီးတီးအသင်းသည် ချဲလ်ဆီးအား (၁-၀)ဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၂-၂၃ ဘောလုံးရာသီ အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံဖလားကို နှစ် နှစ်ဆက်တိုက် ဆွတ်ခူးရယူသွားပြီဖြစ်သည်။


မန်စီးတီးအသင်းသည် လက်ကျန်ပွဲစဉ်နှစ်ပွဲ ကစားရန်ရှိသေးသော်လည်း
အနီးကပ်ဆုံး အမှတ်ပေးဇယားမှ အာဆင်နယ်အသင်းကို (၇)မှတ် ဖြတ်ထားလိုက်သည့်အတွက် ရာသီမကုန်မီ ချန်ပီယံဖလား ရရှိသွားခြင်းဖြစ်သည်။

 

အာဆင်နယ်သည် စနေနေ့က ဆောက်သင်ပတန် နှင့်ကစားသောပွဲ၌ (၁-၀) ဖြင့် ရှုံးနိမ့်သွားခဲ့သည်။


ယခုနှစ် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့်အတွက် မန်စီးတီးသည် နည်းပြ ဂွါဒီယိုလာ လက်ထက် ခြောက်နှစ်အတွင်း ဖလား(၅)လုံး စံချိန်တင်ဆွတ်ခူးနိုင်ခဲ့သလို နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်လာခဲ့သည်။

 

တနင်္ဂနွေနေ့က ချဲလ်ဆီးနှင့် ကစားသောပွဲတွင် ဂွါဒီယိုလာသည် အဓိက ကစားသမားအများအပြားကို အနားပေးထားခဲ့သည်။

 

ပွဲအစ ၁၂ မိနစ်မှာပင် မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်စ်က အဖွင့်ဂိုးသွင်း ဦးဆောင်ခဲ့သည်။


မန်စီးတီးပရိသတ်များ မျှော်လင့်နေသော တိုက်စစ်မှူး ဟာလန်းကို ပွဲပြီးရန် မိနစ် ၂၀ အလိုကျမှ ထည့်သွင်းခဲ့သည်။ ဟာလန်းသည် ယခုရာသီတွင် စုစုပေါင်း ၅၃ ဂိုးသွင်းထားပြီး အကောင်းဆုံး ခြေစွမ်းပြသနေသည်။

 

 ကစားသမားတွေ နားဖို့ လိုပါတယ်။ ပွဲက မပြီးသေးပါဘူး။ နောက်ထပ် အဓိက ပြိုင်ပွဲကြီး နှစ်ခု ရှိပါသေးတယ်။ ခါးသည်းတဲ့ ပြိုင်ဘက်ဖြစ်တဲ့ မန်ယူ နဲ့ အက်အေဖလား ဗိုလ်လုပွဲကစားပြီးရင် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲကစားရပါဦးမယ်ဟု အသင်းခေါင်းဆောင် ဝေါ်လ်ကာ ကဆိုသည်။

 

မန်စီးတီးအသင်းသည် ယခုရာသီတွင် ဖလား(၃)လုံး ဆွတ်ခူးနိုင်သည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည်။


ချဲလ်ဆီးအား အနိုင်ရပြီးနောက် ချန်ပီယံဆုဖလားပေးအပ်ပွဲကို ကျင်းပခဲ့ရာ အီတီဟတ်ကွင်းတွင် မန်စီးတီးအသင်းသားများနှင့် ပရိသတ်များ အောင်ပွဲခံခဲ့ကြသည်။

 

NN-27

Ref: Bkpost

ဆက်စပ် သတင်းများ