မန်ယူနှင့် မန်စီးတီး မြို့ခံပြိုင်ဘက်နှစ်သင်း တွေ့ဆုံသောပွဲဖြစ်၍ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး လန်ဒန်မြို့ ဝင်ဘလေကွင်းလုံးပြည့် ပရိသတ်များလာရောက်အားပေးကြည့်ရှုခဲ့ကြသည်။
မန်စီးတီးအသင်းအတွက်အဖွင့်ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် ဂန်ဒိုဂန်က ပွဲစပြီး (၁၂)စက္ကန့်တွင်သွင်းယူခဲ့ရာ အက်ဖ်အေသမိုင်းတွင် အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်သွားသည်။
ယခင်ကအမြန်ဆုံးဂိုးကို မန်ယူတိုက်စစ်မှူး ဆာဟာက ၂၀၀၉ အက်ဖ်အေဖလားပွဲတွင် အဲဗာတန်ဘက်သို့ပွဲစပြီး ၂၅ စက္ကန့်အတွင်း သွင်းပြီး စံချိန်တင်ထားခဲ့သည်။
မန်ယူအသင်းအတွက်ချေပဂိုးကို ပထမပိုင်း ၃၃ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီမှတဆင့်သွင်းခဲ့သည်။
ဝမ်ဘက်ဆီကာ၏ခေါင်းတိုက်ချက်ကို မန်စီးတီးကစားသမား ဂရီးလစ်ရှ် က ဧရိယာအတွင်း လက်နှင့်ပုတ်လိုက်သည်ကို ဗီအေအာက တွေ့ရှိပြီး ပင်နယ်တီပေးခံ၇ခြင်းဖြစ်သည်။
မန်စီးတီးကကစားအားကောင်းသလို ကံကြမ္မာကလည်း မန်စီးတီးဘက်တွင်ရှိသည်ဟု ဆိုရမည်။ ဒုတိယပိုင်းပွဲအစ ခြောက်မိနစ်တွင် ဂန်ဒိုဂန်ကပင် မန်စီးတီးအတွက် အနိုင်ဂိုးကို မန်ယူဂိုးဧရိယာ အပြင်ဘက်မှ ကန်သွင်းနိုင်ခဲ့သည်။
ယခုနှစ်အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ဆွတ်ခူးရရှိပြီးနောက် ယခုအက်ဖ်အေဖလားထပ်မံရရှိသည့်အတွက် မန်စီးတီး အသင်း ယခုရာသီတွင် ဆုဖလား နှစ်လုံးရရှိထားပြီဖြစ်သည်။ ယခုရာသီ မန်စီးတီး၏ ဖလားသုံးလုံး ရည်မှန်းချက်ပြည့်မီရန်လာမည့် စနေနေ့တွင် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် အင်တာမီလန်အသင်းနှင့်ထပ်မံကစားရန် ရှိနေသည်။
ချန်ပီယံလိဂ်တွင်ထပ်မံဗိုလ်စွဲပါက မန်စီးတီးသည် ၁၉၉၉ ခုနှစ်ကမန်ယူ၇ယူခဲ့ဖူးသော ဖလာသုံးလုံးစံချိန်ကို လိုက်မီသွားမည်ဖြစ်သည်။
NN- 27
ref:bbcsports