တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အင်တာမီလန်ကို အနိုင်ရပြီး ဥရောပချန်ပီယံလိဂ်ဖလားကို မန်စီးတီးကိုင်မြှောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 759

(တစ်ရာသီအတွင်း ချန်ပီယံဖလား သုံးခု ရရှိသော မန်စီးတီးအသင်း သမိုင်းမှတ်တမ်းသစ် ရေးထိုး)


ဥရောပချန်ပီယံလိဂ်ဖလား နောက်ဆုံး ဗိုလ်လုပွဲအဖြစ် တူရကီနိုင်ငံ၊
အစ္စတန်ဘူလ်မြို့တွင် ဇွန်လ(၁၀)ရက်နေ့က အင်္ဂလန်ကလပ် မန်စီးတီးအသင်း နှင့် အီတလီကလပ် အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက ၆၈ မိနစ်တွင် သွင်းယူခဲ့သော ရိုဒရီဂို ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးရယူသွားခဲ့သည်။

 

မန်စီးတီးအသင်းအတွက် ယခု ၂၀၂၂/၂၃ ဘောလုံးရာသီတွင် တတိယမြောက်ဆုဖလားကို ဆွတ်ခူးရယူနိုင်ခဲ့သလို ကာလအတန်ကြာ စောင့်မျှော်နေသော ဥရောပချန်ပီလိဂ်ဖလားကြီးကို ပထမဦးဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 

မန်စီးတီးသည် ယခုနှစ် အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ဆွတ်ခူးခဲ့သလို အက်ဖ်အေဖလားကိုလည်း ရယူနိုင်ခဲ့သည်။ တစ်ရာသီအတွင်း ယခုကဲ့သို့ ဖလားသုံးလုံး ရရှိဖူးသော မန်ယူအသင်းပြီးလျှင် မန်စီးတီးက ဒုတိယမြောက် အင်္ဂလိပ်အသင်း ဖြစ်လာသည်။

 

မန်ယူသည် ၁၉၉၉ ခုနှစ်က ယခုမန်စီးတီးကဲ့သို့ပင် အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလား နှင့် ချန်ပီယံလိဂ်ဖလားများ ရယူခဲ့သည်။

 

မန်စီးတီး နှင့် အင်တာမီလန်တို့ပွဲတွင် ပထမပိုင်းအတွင်း ဒဏ်ရာရထားသော ကွင်းလယ်လူ ဒီဘရိုင်းကို လူစားလဲခဲ့ရပြီး ဒုတိယပိုင်း ၆၈ မိနစ်ကျမှ ရိုဒရီဂို၏ သွင်းဂိုးဖြင့်အနိုင်ရခဲ့သည်။

 

ပွဲပြီးခါနီးတွင် အင်တာတိုက်စစ်မှူး လူကာကူက ခေါင်းတိုက်ချေပဂိုးသွင်းရန်ကြိုးစားခဲ့သော်လည်း မန်စီးတီး ဂိုးသမား အီဒါဆန် ကာကွယ်နိုင်ခဲ့သည်။

 

ဥရောပချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူနိုင်ခဲ့၍ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာသည် အအောင်မြင်ဆုံး နည်းပြတစ်ဦးဖြစ်လာသည်။ သူသည် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်ရယူထားသူဖြစ်သည်။

 

ယခုနှစ် ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့၊ အတာတက် အိုလံပစ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

NN-27

Ref:BBCWorld/Sports

ဆက်စပ် သတင်းများ