စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

အသက် ၂၀ အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အီတလီကို (၁-၀) ဖြင့် အနိုင်ရပြီး ဥရုဂွေး ချန်ပီယံဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 856

၂၀၂၃ ခုနှစ်၊ အသက် ၂၀ အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ( ယူ-၂၀ ကမ္ဘာ့ဖလား) နောက်ဆုံးဗိုလ်လုပွဲအဖြစ် တနင်္ဂနွေနေ့က အီတလီ ယူ-၂၀ အသင်းနှင့် ဥရုဂွေး ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဥရုဂွေးက ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဖလားကို ပထမဦးဆုံးအကြိမ် ဆွတ်ခူးသွားခဲ့သည်။

 

အာဂျင်တီးနားနိုင်ငံ၊ လာပလာတာ ရှိ ဒီဂိုမာရာဒိုနာ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားသည့် ဗိုလ်လုပွဲသို့ ပရိသတ် ၄၀၀၀၀ လာရောက် အားပေးကြည့်ရှုခဲ့ပြီး ဥရုဂွေးအသင်းကို အားပေးခဲ့ကြသည်။

 

ဖီဖာဥက္ကဌ အင်ဖန်တီနိုလည်း လာရောက်အားပေးကြည့်ရှုခဲ့သည်။

 

ဗိုလ်လုပွဲတွင် ဥရုဂွေးအသင်းက ပွဲကို တစ်ချိန်လုံး စိုးမိုးထားပြီး ၈၆ မိနစ်တွင် လူစီယာနို ရိုဒရီဂွက်ဇ် ၏ အနီးကပ် ခေါင်းတိုက်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

 

ဥရုဂွေးသည် ယူ-၂၀ ကမ္ဘာ့ဖလားချန်ပီယံဖလားကို တောင်အမေရိက အသင်းတစ်သင်းအနေဖြင့် ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိခြင်းဖြစ်သည်။

 

NN-27

ref:Ap

 

ဆက်စပ် သတင်းများ