၂၀၂၃ခုနှစ် ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ်အင်္ဂလန်အမျိုးသမီးအသင်း နှင့် စပိန်အမျိုးသမီးအသင်းတို့ ဩဂုတ်လ ၂၀ရက်နေ့ကဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာစပိန်အမျိုးသမီးအသင်းက အင်္ဂလန်အမျိုးသမီးအသင်းကို (၁-၀) ဖြင့်အနိုင်၇ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။
စပိန်အမျိုးသမီးအသင်းအတွက် ပထမဦးဆုံးကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ဗိုလ်လုပွဲတွင်ဥရောပချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းကို ခြေအသာဖြင့်ကစားကာပထမပိုင်း ၂၉ မိနစ်တွင် ရရှိသော အသင်းခေါင်းဆောင် အိုလ်ဂါ ကာမိုနာ၏ဂိုး တစ်ဂိုးတည်းဖြင့် အနိုင်၇ဗိုလ်စွဲသွားခြင်းဖြစ်သည်။
အင်္ဂလန်အမျိုးသမီးအသင်းအတွက်ကမ္ဘာ့ဖလားအိပ်မက်မှာ ပျက်ပြယ်သွားခဲ့၇သည်။
၁၉၆၆ခုနှစ်တွင်အင်္ဂလန်အမျိုးသားအသင်းက ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်းယခုနှစ်တွင် အမျိုးသမီးအသင်း ချန်ပီယံဖြစ်ရန် မျှော်လင့်ထားခဲ့သည်။
စပိန်အမျိုးသမီးအသင်းကတစ်ဦးချင်းခြေစွမ်းပြကစားနိုင်ပြီး ပွဲကို ထိန်းချုပ်ခဲ့ရာ ပထမပိုင်း ၂၉ မိနစ်မှာပင်ဦးဆောင်ဂိုးကို အိုလ်ဂါ ကာမိုနာက သွင်းယူခဲ့သည်။
အင်္ဂလန်အမျိုးသမီးအသင်းအသင်းလိုက်ကောင်းမွန်စွာ ကစားနိုင်ခဲ့သော်လည်း စပိန်ကို မကျော်လွန်နိုင်ခဲ့ပေ။
ယခုဗိုလ်လုပွဲတွင် အကောင်းဆုံးလက်စွမ်းပြကစားသွားခဲ့ပြီး ရွှေလက်အိတ်ဆု ဆွတ်ခူးသွားခဲ့သူမှာ အင်္ဂလန်ဂိုးသမားမေရီ အာ့ပ် ဖြစ်သည်။
သူမသည် ဒုတိယပိုင်းတွင် စပိန်အသင်း ရရှိသောပင်နယ်တီကို ကာကွယ်နိုင်ခဲ့သလို ပွဲချိန်တစ်လျှောက်လုံးသေချာပေါက်ဂိုးများကို ကာကွယ်ပေးနိုင်ခဲ့သည်။
ref:BBCWorld