စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဂျပန်နိုင်ငံတွင် သုံးပွဲယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ ယူ ၁၂ အသင်း သုံးပွဲလုံး ရှုံးနိမ့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 712

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပနေသည့် အသက် ၁၂ နှစ်‌ - U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်အဖြစ် သုံးပွဲပါဝင်ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာ ယူ ၁၂ အသင်းသည် သုံးပွဲလုံးရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် Daiwa House Dream လူငယ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အုပ်စုပွဲစဉ်သုံးပွဲလုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာယူ ၁၂ အသင်းသည် ဩဂုတ်လ၂၄ရက်၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာလူငယ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းနေ့တစ်ရက်တည်း၌ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီတွင် JEF United Chiba U-12 လူငယ်အသင်းနှင့် ထပ်မံ ယှဉ်ပြိုင်ခဲ့ရာ ၄ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သို့သော် အုပ်စုအလိုက် ရပ်တည်မှုများအရ မြန်မာ ယူ ၁၂ အသင်းသည် အုပ်စု(C)တွင် အဆင့် (၃)နေရာရရှိပါက တစ်ဖက် အုပ်စု(D)မှ အဆင့် (၃)အသင်းနှင့် လည်းကောင်း၊ အဆင့် (၄) နေရာရရှိပါက အဆင့် (၄)အသင်းနှင့်လည်းကောင်း Group League 3rd or 4th Place ပွဲစဉ်ကို ဆက်လက်ကစားရမည်ဖြစ်သည်။

ချီဘားမြို့တွင် ကျင်းပနေသည့် ၁၁ ကြိမ်မြောက် U 12 Junior Soccer World Challenge2023 ပြိုင်ပွဲကို သြဂုတ် ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့လူငယ်လက်ရွေးစင် ယူ - ၁၂ အသင်းသည် အုပ်စု C တွင် ကျရောက်ကာ ဘာစီလိုနာလူငယ်အသင်း၊ Daiwa House Dream လူငယ်အသင်း၊ JEF United Chiba U-12 လူငယ်အသင်းတို့နှင့် အုပ်စုတူဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းတွင် အုပ် ချုပ်/နည်းပြ (၇)ဦး၊ ကစားသမား (၁၈)ဦး စုစုပေါင်း (၂၅)ဦး ပါဝင်ပြီး ပြိုင်ပွဲဝင်မည့် လူငယ်ကစားသမားများကို သုဝဏ္ဏအားကစားကွင်း လက်ရွေးစင်များအဆောင်တွင် စခန်းသွင်း‌လေ့ကျင့်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ (NN-9)

 

ဆက်စပ် သတင်းများ