၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် FIFA- MFF U-15 Youth League အောက်မြန်မာပြည် (ရန်ကုန်ဇုန်)ပွဲ
၇ခိုင်ယူနိုက်တက် ယူ-၁၅ အသင်းနှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘော
"၇ခိုင်ယူ - ၁၅ အသင်းကမနက်ဖြန်သုဝဏ္ဏကွင်းမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီး
၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် စက်တင်ဘာလ ၂ ရက်က ပဲခူးအသင်းနှင့် ဗဟန်းမြက်ခင်းတုကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ပြီး ၁-၁ ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သော်လည်းရာသီဝက်ချန်ပီယံအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်ပထမရာသီဝက်အတွင်း ၇ခိုင်ယူနိုက်တက်ယူ- ၁၅ အသင်းသည် ၁၁ ပွဲယှဉ်ပြိုင်ကစားရာ ၉ ပွဲနိုင်ပြီး နှစ်ပွဲသရေရလဒ်ဖြင့်ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဩဂုတ်လ ၂၆ ရက်ကအာသာ၀တီအသင်းနှင့်ယှဉ်ပြိုင်ကစာ
ဩဂုတ်လ ၁၉ရက်ကလည်း ရာမညအသင်းကို၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ၂ မှတ်ဖြတ်ကာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း RUFC က ထုတ်ပြန်ခဲ့သည်။
၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းမှာ ဩဂုတ် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် SportingHanthar အသင်းနှင့်ပွဲစဉ်တွင်လည်း ၅ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဩဂုတ်လ ၅ ရက်ကဗဟန်းမြက်ခင်းတုကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် Young Boys အသင်းနှင့် ပွဲစဉ်တွင်လည်း ၁၂ - ၀ ရလဒ်ဖြင့် ရရှိခဲ့သည်။
FIFA-MFF U-15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပွဲ
ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်ခဲ့သည့်၇ခိုင်ယူ- ၁၅ အသင်းသည် ပွဲစဉ်ဒုတိယကျော့တွင် အမှတ်ပေးဇယား၏ ဒုတိယနေရာတွင်ရှိသည့်ရွှေပြည်သာအသင်းနှင့် စက်တင်ဘာလ ၁၇ ရက်တွင် ယှဉ်ပြိုင်ကစား၇မည်ဖြစ်သည်။
ရွှေပြည်သာအသင်းကို၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းက ပထမရာသီဝက်တွင် ၃-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိ၇သည်။ (NN-23)
Photo - RUFC