Preview

၇ခိုင်ယူနိုက်တက် ယူ- ၁၅ လူငယ်ဘောလုံးအသင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းကို ၃-၀ ဖြင့် အနိုင်ရ

စက်တင်ဘာ ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1639
အားကစား သတင်း

FIFA- MFF U-15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပွဲစဥ်ပထမကျော့၏ ရာသီဝက်ချန်ပီယံ ၇ခိုင်ယူနိုက်တက် ယူ - ၁၅ အသင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်းကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၅ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းပွဲ ယှဥ်ပြိုင်ကစားရာ ၇ခိုင်ယူ -၁၅ အသင်းက ၃- ၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်ဟု ရခိုင်ယူနိုက်တက်ဘောလုံးအသင်း (RUFC) မန်နေဂျာ ဦးအောင်မြင့်ထွန်းက နိရဥ္စရာသို့ပြောသည်။

"ခြေစမ်းပွဲမှာ ၇ခိုင်ယူ - ၁၅ အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်ဗျ" ဟု ပြောသည်။

၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် FIFA-MFF U -15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်) ဒုတိယကျော့အတွက် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ကစားရာတွင် မိနစ် ၃၀ စီ ပွဲချိန်သုံးပိုင်းကစားခဲ့ပြီး ၇ခိုင်ယူ- ၁၅ အသင်းအတွက် ဦးဆောင်ဂိုးကို ကျောနံပါတ်-(၉) ညီညီသန့်၊ ဒုတိယဂိုးကို ကျောနံပါတ်-(၁၀)စွမ်းဇာနည်နှင့် တတိယမြောက် ဂိုးကို ကျောနံပါတ်(ရ) ရဲထက်အောင်တို့က အသီးသီး သွင်းယူခဲ့ကြောင်း သိရသည်။

၇ခိုင်ယူနိုက်တက် ယူ - ၁၅ အသင်းသည် စက်တင်ဘာလ ၂ ရက်က ပဲခူးအသင်းနှင့် ရန်ကုန်မြို့၊ ဗဟန်းမြက်ခင်းတုကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ပြီး ၁-၁ ဂိုးဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သော်လည်း ရာသီဝက်ချန်ပီယံအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။

အဆိုပါပွဲစဥ်ပထမရာသီဝက်အတွင်း ၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းသည် ၁၁ ပွဲယှဥ်ပြိုင်ကစားရာ ၉ ပွဲနိုင်ပြီး နှစ်ပွဲသရေရလဒ်ဖြင့် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

FIFA-MFF U-15 Youth League အောက်မြန်မာပြည်(ရန်ကုန်ဇုန်)ပွဲစဥ် ဒုတိယကျော့ကို စက်တင်ဘာလ ၁၆ ရက်တွင် ပြန်လည်စတင်ကျင်းပမည်ဖြစ်သည်။

ပွဲစဥ်ဒုတိယကျော့တွင် ရာသီဝက်ချန်ပီယံ ၇ခိုင်ယူ- ၁၅ အသင်းသည် အမှတ်ပေးဇယား ဒုတိယနေရာတွင်ရှိသည့် ရွှေပြည်သာအသင်းနှင့် စက်တင်ဘာလ ၁၇ ရက်တွင် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ရွှေပြည်သာအသင်းကို ပထမရာသီဝက်တွင် ၇ခိုင်ယူနိုက်တက် ယူ- ၁၅ အသင်းက ၃-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိထားကြောင်းလည်း သိ၇သည်။ (NN-23)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.