တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် (၁၉)ကြိမ်မြောက် အာရှအားစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 889

အာရှနိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမားစုစုပေါင်း ၁၂၀၀၀၊ အားကစားနည်း ၄၀ မှာ ဝင်ရောက်ယှဉ်ပြိုင်မည်

 

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ စနေနေ့က တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျို့မြို့မှာရှိတဲ့ ပရိသတ် ၈၀၀၀၀ ဆံ့အားကစားပြိုင်ကွင်းကြီးမှာ ကျင်းပခဲ့ပါတယ်။

 

ဖွင့်ပွဲအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် တက်ရောက်လာပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့တယ်။

 

 ဒီအခမ်းအနားကို နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်ဘက်ချ် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်။

 

ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် တစ်နှစ်ကြာ နောက်ဆုတ်ပြီးမှ ကျင်းပခဲ့ရတဲ့ ဒီအားကစားပြိုင်ပွဲဟာ ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေအနက် အကြီးကျယ် အခမ်းနားဆုံး အားကစားပွဲတော်တစ်ခုလို့ ဆိုပါတယ်။



 အာရှနိုင်ငံပေါင်း ၄၅ နိုင်ငံက အားကစားသမားစုစုပေါင်း ၁၂၀၀၀ တို့ဟာ အားကစားနည်း ၄၀ မှာ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရတယ်။

 

ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံတွေထဲမှာ အမျိုးသမီးအားကစားကို ပိတ်ပင်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ပါဝင်သလို တရုတ်နဲ့ နိုင်ငံရေးအရ အားပြိုင်နေတဲ့ ထိုင်ဝမ်လည်း ပါဝင်တယ်။

 

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား နိုင်ငံလည်း ပါဝင်ပြီး သမ္မတ ဘာရှာ အယ်လ်အာဆတ်လည်း တက်ရောက် လာတာတွေ့ရတယ်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံကို လွှင့်ထူလိုက်ပြီးတဲ့နောက် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံအသီးသီးက ကွင်းထဲကို ချီတက်ဝင်ရောက်လာခဲ့ကြတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ခေတ်မီနည်းပညာသုံး တင်ဆက်မှုတွေနဲ့အတူ ရောင်စုံ မီးရှူး မီးပန်း ပစ်ဖောက်ခြင်း နဲ့ လှပဆန်းပြားတဲ့ တင်ဆက်ပုံတွေ ပါဝင်ခဲ့ပြီး ဒီဖွင့်ပွဲအခမ်းအနားဟာ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်လို့ ဟန်ကျို့မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

" ကျွန်တော်တို့မြို့ ဘယ်လောက်လှသလဲဆိုတာ ကမ္ဘာကို ပြသနိုင်တဲ့ အခွင့်အရေးတစ်ခု ပါပဲ" လို့ သူကဆိုပါတယ်။



 ဖွင့်ပွဲအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်လာတာဖြစ်တဲ့အတွက် ဟန်ကျို့မြို့မှာ လုံခြုံရေးအထူးတင်းကြပ်ထားတယ်လို့ သိရတယ်။

 

ဒီအားကစားပြိုင်ပွဲကြီး ကျင်းပဖို့ သုံးစွဲခဲ့ရတဲ့ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီက တရားဝင် ထုတ်ပြန်ခြင်းမပြုပေမယ့် ၂၀၂၀ ပြည့်နှစ် မတိုင်မီ ငါးနှစ်အတွင်း လမ်းပန်းဆက်သွယ်ရေး၊ အားကစားရုံတည်ဆောက်ရေး နဲ့ အခြားအဆောက်အဦးအမျိုးမျိုးအတွက် ကုန်ကျစရိတ် ယွမ် ဘီလျံ (၂၀၀) ရှိတယ်လို့ ဟန်ကျို့ပြည်နယ်အစိုးရက ပြောပါတယ်။

 

 NN-27

ref: BKpost

ဆက်စပ် သတင်းများ

အာရှဖလားရင်ခုန်သံ.. ၂၀၂၄။
  • Web Master
  • ၂၆ ဇန်နဝါရီ ၂၀၂၄
အာရှဖလားရင်ခုန်သံ.. ၂၀၂၄။