ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရခိုင်ယူနိုက်တက်အသင်းက Rainbow အသင်းကို၁၁ ဂိုး - နှစ်ဂိုးဖြင့် အနိုင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 552

နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၄ (အားကစားသတင်း)

ယမန်နေ့ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်ယူနိုက်တက်အသင်း ( Rakhine United Football Club)သည်  Rainbow အသင်းကို၁၁ ဂိုး - နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်ဟု သိရသည်။

ရခိုင်အသင်းအတွက် အနိုင်ဂိုးများကို ၁၁၊ ၁၉ မိနစ်တွင် သန်းကျော်ဌေး၊ ၂၈၊ ၃၀ မိနစ်တွင် ကောင်းစည်သူ၊ ၃၃၊ ၃၅၊ ၄၅+၁၊ ၉၀ မိနစ်တွင် ကျော်ကိုကို၊ ၃၇ မိနစ်တွင် ကြည်လင်း၊ ၇၃ မိနစ်တွင် မင်းခန့်ကျော်၊ ၈၁ မိနစ်တွင်ပယ်နယ်တီမတစ်ဆင့် မိုကာလူးတို့က သွင်းယူခဲ့သည်။

Rainbow အသင်းအတွက် ချေပဂိုးများကို ၂၁၊ ၇၆ မိနစ်တွင် ဆန်းမြင့်နိုင်ငံက သွင်းယူခဲ့သည်။

MNL Cup ပြိုင်ပွဲကို ကျင်းပနေရာ ရခိုင်ယူနိုက်တက်အသင်းက သုံးပွဲကစား ၆ မှတ်ရထားပြီး Rainbow အသင်းမှာမူ လေးပွဲစလုံးရှုံးကာ အမှတ်မရသေးဟု သိရသည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!