အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပြင်သစ် အိုလံပစ်ပြိုင်ပွဲ စပိန်ဘောလုံးအသင်း ဗိုလ်စွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 508

နိရဉ္စရာ၊ ဩဂုတ် ၉/၂၀၂၄

ယနေ့ ဩဂုတ် ၉ ရက်နေ့တွင် ပြင်သစ်အိုလံပစ် ဘောလုံး ဗိုလ်လုပွဲကျင်းပခဲ့ရာ စပိန်အသင်းက အိမ်ရှင် ပြင်သစ်အသင်းကို အချိန်ပို မိနစ် (၃၀) ကစားပြီး ၅  ဂိုး ၃ ဂိုးဖြင့် အနိုင် ရရှိသွားခဲ့သည်။

ပွဲပြီးချိန် မိနစ် ၉၀ အထိ တစ်ဘက် ၃  ဂိုးစီဖြင့် သရေကျနေရာ နောက်ထပ် အချိန်ပို မိနစ် ၃၀ ကစားရာတွင် စပိန်က နောက်ထပ် ၂ ဂိုးသွင်းပြီး ထိုက်ထိုက်တန်တန်အနိုင်ရဗိုလ်စွဲသွားခြင်းဖြစ်သည်။

ပထမပိုင်း ၄၅ မိနစ်ကစားရာတွင် ၁၁ မိနစ်တွင် ပြင်သစ်အသင်းက Enzo Millot က  အဖွင့်ဂိုး ရရှိခဲ့သည်။  စပိန်အသင်း တိုက်စစ်ဆင်ကစားခဲ့ရာ  Fermin Lopez က ၁၈ မိနစ်တွင် ချေဂိုး သွင်ယူပြီး Fermin Lopez က ၂၅ မိနစ်တွင် နောက်ထပ် တစ်ဂိုးရရှိသွားခဲ့သည်။ ယင်းနောက် ဆက်လက်၍ ကစားခဲ့ကြရာ ၂၈ မိနစ်တွင် စပိန်အသင်းမှ ပလန်တီဧရီယာပြင်မှ ပြစ်ဒဏ်ဘော ရရှိခဲ့ရာ Alex Baena က တိုက်ရိုက်ကန်သွင်းယူက စပိန်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် ပထမပိုင်းဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ဆက်ကစားရာ ပြင်သစ် အသင်းက  ၇၉ မိနစ်တွင် Akliouche ကတစ်ဂိုး၊ မိနစ် ၉၃ တွင် Jean- Philippe Mateta က ပလန်တီတစ်ဂိုး ရရှိသွားခဲ့ရာ တစ်ဖက်သုံးဂိုးစီဖြင့် သရေကျသွားခဲ့သည်။

နောက်ထပ် အချိန်ပို မိနစ် ၃၀ ဆက်ကစားရာ စပိန်အသင်းက လူစားဝင်လာသူ Sergio Camello က ပထမပိုင်း  မိနစ် ၁၀၀ တွင် စပိန်က နောက်ထပ် တစ်ဂိုးသွင်းယူခဲ့သည်။ ဆက်လက်၍ နောက်ထပ် ၁၅ မိနစ် ဆက်ကစားရာ ပွဲပြီးရန် မိနစ်ပိုင်း အလို ၁၂၀ မိနစ်တွင် စပိန်က Sergio Camello နောက်ထပ်တစ်ဂိုးသွင်းယူခဲ့သဖြင့် စပိန်အသင်းသည် ပြင်သစ်အသင်းအား ၅ ဂိုး ၃ဂိုးဖြင် ထိုက်ထိုက်တန်တန် အနိုင်ရ  ဗိုလ်စွဲသွားခဲ့ခြင်းဖြစ်သည်။

တတိယ ကြေးဆုကို မော်ရိုကို အသင်းက အီဂျစ်အသင်း (၆-၀) ဂိုးဖြင့်ကို အနိုင်ယူ ရရှိသွားခဲ့သည်။

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!