နိရဉ္စရာ၊ဇွန်၂၉/၂၀၂၅ (အားကစား)
၂၀၂၆အာရှဖလားအမျိုးသမီးခြေစစ်ပွဲအုပ်စု(C) ပွဲစဉ်များကိုဇွန်၂၉ ရက်နေ့က ကျင်းပရာ မြန်မာက တာ့ခ်မင်နစ္စတန်အသင်းကို ၈ ဂိုးနှင့် ဘင်္ဂလားဒေ့ရှ်က ဘာရိန်းကို ၇ ဂိုးတို့ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအာရှဖလားအမျိုးသမီးခြေစစ်ပွဲစဉ်များကိုရန်ကုန်မြို့သု၀ဏ္ဍအားကစားကွင်းတွင်ဇွန်၂၉ရက်နေ့ညနေ၄နာရီတွင်စတင်ကျင်းပခဲ့သည်။
ပထမပွဲစဉ်အဖြစ်မြန်မာနှင့် တာ့ခ်မင်နစ္စတန်အသင်းတို့ည၄နာရီတွင်စတင်ကစားကြရာမြန်မာအသင်းကပထမပိုင်း၁၁မိနစ်တွင်အဖွင့်ဂိုးစတင်ရရှိခဲ့သည်။ပွဲပြီးဆုံးချိန်တွင်မြန်မာအမျိုးသမီးအသင်းကက၈ဂိုးသွင်းယူခဲ့ပြီးတာ့ခ်မင်နစ္စတန်အသင်းကပြန်လည်ချေပဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။မြန်မာအမျိုးသမီးအသင်း၏သွင်းဂိုးများကိုဝင်းဝင်းက၃ဂိုး၊ခင်မိုမိုထွန်းက၂ဂိုး၊စန်းစန်းသော်၊မေထက်လူနှင့်ရွှေရည်ဝင်းထွန်းတို့ကတစ်ဂိုးစီအသီးသီးသွင်းယူခဲ့ကြသည်။
ညနေ၇နာရီတွင်ဘာရိန်းအသင်းနှင့်ဘင်္ဂလားဒေ့ရှ်အသင်းတို့ဆက်လက်လက်ယှဉ်ပြိုင်ကစားကြရာ ဘင်္ဂလားဒေ့ရှ်အသင်းက၇ဂိုးဖြင့်အနိုင်ရရှိသွားသည်ဟုသိရသည်။
ဘင်္ဂလားဒေ့ရှ်သွင်းဂိုးများTohura Khatun က၂ဂိုး၊ Shamsunnahar Jr ၊Ritu Porna Chakma နှင့်Kohati Kisku တို့ကတစ်ဂိုးစီပထမပိုင်းတွင်သွင်းယူခဲ့ကြပြီး ဒုတိယပိုင်းတွင် Munki Akter နှင့်လူစားဝင်ရောက်လာသည့်Mosammat Sultana ကတစ်ဂိုးစီသွင်းယူခဲ့ကြောင်းဒါကာထရိန်းဗျူးတွင်သတင်းဖော်ပြသည်။
ရန်ကုန်မြို့တွင်ကျင်းပနေသည့်၂၀၂၆အာရှဖလားအမျိုးသမီးခြေစစ်ပွဲအုပ်စု(C) တွင်မြန်မာ၊ဘင်္ဂလာဒေ့ရှ်၊ ဘာရိန်းနှင့်တာ့ခ်မင်နစ္စတန်တို့ပါဝင်သည်။
ဇူလိုင်လ၂ရက်နေ့ည၄နာရီတွင်မြန်မာနှင့်ဘင်္ဂလာဒေ့ရှ်တို့ကစားကြမည်ဖြစ်ပြီးည၇နာရီတွင် ဘာရိန်းနှင့်တာ့ခ်မင်နစ္စတန်တို့ကစားကြမည်ဖြစ်သည်။
၂၀၂၆အမျိုးသမီး အာရှဖလားအတွက် ခြေစစ်ပွဲဝင်မည့်အသင်း ၃၄ သင်းရှိပြီး ခြေစစ်ပွဲစဉ်များကိုအုပ်စု(၈)ခုခွဲထားပြီး အိမ်ရှင်အဖြစ် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဥဇဘက်ကစ္စတန်နှင့်ဗီယက်နမ်တို့က ၂၀၂၅၊ ဇွန် ၂၃ကနေ ဇူလိုင် ၅ ရက်အထိလက်ခံကျင်းပသွားမည်ဖြစ်သည်။
အုပ်စု ၁ ခုစီမှ ပထမရ အသင်း ၈ သင်း ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး ၂၀၂၆ အမျိုးသမီးအာရှဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမည့် ဩစတြေးလျ၊ ပြီးခဲ့သည့် ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သည့် တရုတ်၊ ဒုတိယရရှိခဲ့သည့် တောင်ကိုရီးယားဈတတိယရခဲ့သည့်ဂျပန်တို့သည် နောက်ဆုံးအဆင့်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိထားသည်။
အာရှဖလားအမျိုးသမီး နောက်ဆုံးအဆင့်ပွဲစဉ်များကို ဩစတြေးလျနိုင်ငံ၊မြို့ကြီး ၃ မြို့တွင် ၂၀၂၆ မတ် ၁ ကနေ ၂၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(ဓာတ်ပုံ- Myanmar Football Federation)