အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

တရုတ်နိုင်ငံတောင်ပိုင်း ရေကြီးပြီး မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၄၇ ဦးထက်မနည်း သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 258

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၂/၂၀၂၄

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုန်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးပြီး မြေပြိုမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၇ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်းအယ်ဂျာဇီးရားသတင်းကဖော်ပြသည်။

ကွမ်တုန်းပြည်နယ် ဖိန်ယွမ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ယင်းနှင့် ဆက်စပ်သည့် သဘာဝဘေးကြောင့် ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီအထိ သေဆုံးသူ ၃၈ ဦးရှိကာ နှစ်ဦး ပျောက်ဆုံးနေကြောင်း တရုတ် ဆင်ဟွာ က သတင်းထုတ်ပြန်ခဲ့ပြီးနောက်သေဆုံးသူ နောက်ထပ် ၉ ဦးထပ်တိုးလာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြစ် ၄၈ စင်းတွင် ရေကြီးရေလျှံမှု သတိပေးချက်အဆင့်အထက် ကျော်လွန်သွားခဲ့ကြောင်း ယင်းဒေသ အရေးပေါ်စီမံခန့်ခွဲမှုဌာနက ဇွန် ၂၀ ရက်က ပြောဆိုခဲ့သည်။

ရေကြီးရေလျှံမှုနှင့်မြေ ပြိုမှုကြောင့်သေဆုံးသူ အရေအတွက်သည် တိုးလာနေကြောင်း နိုင်ငံ၏ အခြားနေရာများတွင်လည်းရေကြီးမှုများ ဆက်လက်ဖြစ်ပွားလာမည်ဖြစ်ကြောင်း အာဏာပိုင်များက သတိပေးချက်ထုတ်ပြန်ထားသည်။


ကွမ်ရှီးဒေသရှိ မြို့ ၁၁ မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိကြောင်း၊ ယင်းဒေသကို ရေကြီးရေလျှံမှုဆိုင်ရာ အဆင့်လေးဆင့်ရှိသော အရေးပေါ်အခြေ‌အနေတုံ့ပြန်ရေးစနစ်၏ ဒုတိယအမြင့်ဆုံးဖြစ်သည့် အရေးပေါ်အခြေအနေ အဆင့်နှစ်အဖြစ် ဇွန် ၁၉ ရက်မှ စတင်သတ်မှတ်ထားကြောင်း တရုတ်ဆင်ဟွာသတင်းအရ သိရသည်။

သဘာဝဘေးအန္တရာယ် ပြင်းထန်နေ မှုကြောင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ဖို့ ခက်ခဲ နေကြောင်း CCTV ဖော်ပြချက်အရ သိရသည်။

မိုးရွာသွန်းမှုကြောင့် လူပေါင်း ၅၅၀၀၀ ကျော် ထိခိုက်ခဲ့ရပြီး ထောင်နှင့်ချီသော နေအိမ်များနှင့် လမ်းများလည်း ပျက်စီးခဲ့ရသည်။

ရေဘေးအန္တရာယ်ကြောင့် စီးပွားရေး ဆုံးရှုံးမှုမှာ Jiaoling ခရိုင်တွင် ယွမ် ၃.၆၅ ဘီလီယံ (ဒေါ်လာ ၅၀၃ သန်း) ခန့်ရှိပြီး Meixian ခရိုင်တွင် ယွမ် ၁.၀၆ ဘီလီယံ (ဒေါ်လာ ၁၄၆ သန်း) အထိဆုံးရှုံးမှု ရှိလာနိုင်သည်။

(ပုံ/ ဇွန်လ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကွမ်တုန်း ပြည်နယ်၊ Jiaoling ခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တာတမံ ရေလျှံနေ စဥ် နှင့် လမ်းများပျက်စီးနေ ကို ဒရုန်းရိုက်ကူးမှုမှမြင်တွေ့ရစဥ် / ဓါတ်ပုံ CNS မှတဆင့် ရိုက်တာ] Source/Aljazeera and photo by Xinhua

ဆက်စပ် သတင်းများ