- Web Master
- ၀၆ ဇူလိုင် ၂၀၂၄
(အသတ်ခံခဲ့ရသူများအတွက် တရားမျှတမှုရရှိရန် အလှမ်းကွားဝေးနေဆဲ)
ရခိုင်ပြည်နယ်တွင်
ပုဏ္ဏားကျွန်းမြို့
အသတ်ခံခဲ့ရသူများမှာ
အသက် ၉၂ နှစ်အရွယ်ဒေါ်မကြီး၊
အသက် ၆၅ နှစ်အရွယ် ဆေးဆရာဦး ကျော်နိုင်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်မေနု၊ အသက် ၅၈ နှစ်အရွယ်
ဦးခင်မောင်(ဒေါ်မေနုရဲ့ အမျိုးသား)၊
အသက်
၆၂ နှစ်အရွယ် ဦးမောင်ကျော်သိန်း၊ အသက် ၆၀ အရွယ် ဦးဦးကျော်ဇံ၊ အသက် ၄၅ နှစ်အရွယ် ဦးမှဲ့နီ၊အသက် ၄၃ နှစ်
အရွယ်ဦးမောင်မောင်သိန်း(ချေ)နှ
သူတို့သည် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်၊
ညနေပိုင်းတွင် ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် အနီးအနားရှိ ဆင်အင်းကြီးကျေးရွာ အတွင်းသို့ ဝင်ရောက်
ထိုအသတ်ခံရမှုနှင့်ပတ်သက်ပြီး
လက်ရှိအချိန်ထိ မြန်မာစစ်တပ်၏ လုပ်
"ကျမမိဘနှစ်ပါးကိုမြင်ခွင့်
ခင်ပွန်းသေဆုံးခဲ့သည့် အသက် ၆၄ အရွယ်ဒေါ်နုစိန်က " ကျွန်မယောကျ်ားကို ခုလို ရက်ရက်စက်သတ်သွားတာ ခုချိန်ထိ မကျေနပ်ဘူး။ ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်ပြ ဘယ်သူမှလည်း လာရောက်စိစစ်ဖြေရှင်းပေးတာမရှိသေးဘူး”ဟု ပြောသည်။
သူတို့ ၉ ဦးအသတ်ခံခဲ့ရသည့်နေ့ နံနက်က ဆင်အင်းကြီးရွာနှင့် ပဒေသာ ကျေးရွာကြားရှိ ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ရိက္ခာတင်ဆောင်လာသည့် စစ်ကားများကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် တစ်စီး ထိမှန်ကာ စစ်သားအများအပြား သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။
ယင်းနေ့ညနေပိုင်းတွင် ၅၅၀ တပ်ရင်းက
ဆင်အင်းကြီးကျေးရွာသို့ဝင်ရောက်ကာ ရွာကို မီးရှို့ပြီး ရွာသား ၉ ဦးကို
သတ်သွားခြင်းဖြစ်သည်ဟုလည်း ရွာသားများက ပြောသည်။
ယင်းနောက်ပိုင်းတွင်လည်း စစ်တပ်က လူနေကျေးရွာများအနီးဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သလို ၅၅ဝ တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သဖြင့် ကျေးရွာအတွင်းရှိ ကျွဲ၊ နွားတိရစ္ဆာန်များ သေကြေ သွားခဲ့ရသလို စပါးနှင့် သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးသွားခဲ့ရသည်ဟု သိရသည်။
ယင်းဖြစ်စဉ်အပေါ် ရခိုင်ပြည်နယ်စစ်ကောင်စီက ယနေ့အချိန်ထိ တစ်စုံတစ်ရာ မေးမြန်းခြင်း၊ တောင်းပန်ခြင်း၊ နစ်နာကြေးပေးခြင်း မရှိသည့်အပြင် ကျန်ရစ်သူ မိသားစုများအား လျစ်လျူထားဆဲဖြစ်ကြောင်း ဆင်အင်ကြီးကျေးရွာတာဝန်ခံက နိရဥ္စရာကိုပြောသည်။
“နစ်နာကြေးပေးတာလည်း မရှိဘူး။ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်တွေကို ICRC ကပဲ နည်းနည်းလှူတာ ရှိတယ်ပေါ့နော်။ ရခိုင်ပြည်အစိုးရက လှည့်တောင် မကြည့်ဘူး”ဟုပြောသည်။
ဆင်အင်းကြီးကျေးရွာတွင် အိမ်ခြေ ၁ဝဝ ကျော်ရှိသည်ဟုလည်း သိရသည်။
ဆင်အင်းကြီးကျေးရွာမှ ဒေသခံများ သတ်ဖြတ်ခံရမှုတွင် စစ်ရာဇဝတ်မှု ကျူးလွန်သည့် တပ်ရင်းမှာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀) ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်( AA)က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိရဉ္စရာသတင်းဌာက ပြုစုထားသော စာရင်းအရ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ သြဂုတ်လ ဆန်းပိုင်းမှစတင်ကာ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲ ၄ လတာ ကာလအတွင်း သေဆုံးခဲ့ရသည့် ရခိုင်အရပ်သားပြည်သူ ၄၆ ဦး၊ ဒဏ်ရာရသူ ၈၉ ဦးရှိခဲ့ပြီး နေအိမ် (၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရသည်။ (NN-11)
ပုံစာ- ဆင်အင်းကြီးရွာမှ သတ်ဖြတ်ခံရသူများ (မူရင်းဓာတ်ပုံပိုင်ရှင်ကို Credit ပေးပါသည်။)