- Web Master
- ၂၉ သြဂုတ် ၂၀၂၄
စောရှင်မေ၊ နိရဉ္စရာ၊ မေ ၁၄/၂၀၂၄
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ
စစ်ဘေးရှောင်စခန်းများတွင် ရေရှားပါးသည့်အပြင် သောက်သုံးရေများမှာလည်း
မသန့်ရှင်းသည့်အတွက် ကလေးသူငယ်များနှင့် သက်ကြီးပိုင်း အရွယ်စစ်ဘေးရှောင်
စစ်ဘေးရှောင်များမှာ သောက်သုံးရေ မသန့်ရှင်းသည့်အပြင် ရေရှားပါးမှုနှင့် ကြုံနေရသည်မှာ ပြီးခဲ့သည့်မတ်လကတည်းပင်ဖြစ်ပြီး အချိန်အားဖြင့် ၂ လခန့်ကြာမြင့်နေပြီဟု စစ်ဘေးရှောင်များက ပြောသည်။
သောက်သုံးရေမသန့်ရှင်းမှုကြောင့်
" ကျွန်မမြေးလေးက
တစ်ကိုယ်လုံးလိုလို ယားနာတွေဖြစ်နေတာပါ။ အခုဆိုရင် အရေပြားပေါ်မှာ
ပြည်တည်နေတာ တွေရောပေါ့။ အရင်က
ဒီလိုတစ်ခါမှမဖြစ်ဖူးပါဘူး။ ညဆိုလည်း ဆေးလိမ်းပြီး သိပ်ထားလိုက်တယ်။
ညဥ့်သန်ခေါင်ယံအချိန်တွေမှာအနာ
ပန်းနီလာစစ်ဘေးရှောင်စခန်းတွင်
သောက်သုံးရေမသန့်ရှင်းမှုကြောင့်
" ဒီလိုရောဂါတွေဖြစ်တာက
အဓိကရေရှားပါးလို့ပေါ့နော်။ ရေကန်တွေမှာလည်း ရေခမ်းလာတော့
ရေကမသန့်တော့ဘူး။ ပိုးလောက်လန်းတွေပါတယ်။ ရေတွေကလည်း ရွှံ့နှစ်ရောင်တွေလို
အနှောက်ရေတွေ၊ ရေညစ်တွေနဲ့ အစိမ်းရောင်တွေဖြစ်နေပြီ။ အဲ့ဒီရေတွေနဲ့
ရေချိုးရတယ်။
ထမင်းချက်စားတယ်။ သောက်ရေအတွက်ဆို ကျိုချက်ပြီးလည်းသောက်ရပါတယ်။
ရေကျိုချက်ပြီးထားပေမဲ့လည်း ကလေးတွေက အပြင်ကနေပူကြီးထဲဆော့ပြီးဝင်လာ
အဆိုပါစစ်ဘေးရှောင်စခန်းကို ပုဏ္ဏားကျွန်းမြို့ပေါ်မှ ရွာဟောင်း၊ မြို့သစ်နှင့် စံပြရပ်ကွက်တို့မှ နေထိုင်ကြပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်တည်ထားခဲ့ကာ အိမ်ထောင်စု ၈၅ စုရှိပြီး၊ လူဦးရေ ၃၀၇ ဦးနေထိုင်ကြသည်။
လက်ရှိတွင်
ကျေးရွာများအတွင်းရှိ ရေကန်များမှ ရေများကိုလည်း အကန့်အသတ်ဖြင့်သာ ခပ်ယူနေရသည်ဟု
မြတ်လေးစစ်ဘေးရှောင်စခန်းတာဝန်
" ကန်ရေက
တစ်ရက်ခြားမှာတစ်ကြိမ် ရေခပ်ခွင့်ရတယ်။ တစ်အိမ်က ဆီထည့်တဲ့ ဂါလန်ဗူးအဝါနဲ့ ၅
ဗူးကျစီခပ်ခွင့်ရတယ်။ ကျွန်တော်တို့စခန်းကို ရေလာလှူတာလည်း
မရှိသေးဘူး။ ရေ
လုံလုံလောက်လောက် မသုံးရတော့ အရေပြားရောဂါတွေနဲ့
ဝမ်းပျက်ဝမ်းလျှောရောတွေဖြစ်ကြ
အဆိုပါစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဧပြီလက ဝမ်းရောဂါဖြစ်ပွားသူ လူဦးရေ ၁၀၀ ခန့်ရှိခဲ့ပြီး၊ အသက် (၇၀) ကျော်အမျိုးသားတစ်ဦး၊ အသက် (၆၀) ကျော် အမျိုးသမီးတစ်ဦးနှင့် အသက် (၁၇) အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၃ ဦးတို့သည် ဆေးကုသရန်မတတ်နိုင်သည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက်ဆုံးရှုံးခဲ့သည်ဟုလည်း ဦးအောင်မြင့်က ပြောသည်။
ထိုသို့ ရောဂါများဖြစ်ပွားနေခြင်းသည် တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေး အသိပညာပေးမှုနှင့် စောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း မြတ်လေးစစ်ဘေးရှောင်စခန်းမှ ကိုလပြည့်ကလည်း နိရဉ္စရာကို ပြောဆိုသည်။
" စားရေးသောက်သောက်ရေးတောင်
အနိုင်နိုင်လုံးပမ်းနေကြရတာဆို
လက်ရှိ ထိုစစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားသူ လူဦးရေ ၃၀ ခန့်ရှိပြီး၊ အရေပြား ရောဂါဖြစ်ပွားသူ လူဦးရေ ၂၀ နီးပါးရှိသည်ဟုလည်း သူကပြောသည်။
အဆိုပါစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်ထားခဲ့ပြီး၊ လက်ရှိတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း နှင့် မောင်တောမြို့နယ်တို့မှ အိမ်ထောင်စု ၁၄၀ ကျော်နေထိုင်ကြပြီး လူဦးရေ ၇၀၀ ကျော်ခန့်ရှိသည်ဟု ဦးအောင်မြင့်ကပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် မြတ်လေး၊ ပန်းနီလာ၊ သရက်ချို၊ အောင်ဖြူပြင်၊ ကြံခင်းနှင့် ကဏန်းတောင် စသည့် ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လမ်းဘေးတို့တွင် ယာယီတဲထိုးကာ စစ်ဘေးရှောင်များ ခိုလုံနေထိုင်လျက်ကြသည်။