ကြာသပတေး၊ အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာတစ်ခုမှ အမျိုးသမီး (၂)ဦးအား မုဒိမ်းကျင့်သတ်ဖြတ်သွား ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာသို့ စစ်ကောင်စီတပ်များက ဇူလိုင်လ ၂၄ ရက်နေ့က စစ်ကားများဖြင့် ဝင်ရောက်လာပြီး အမျိုးသမီး (၂)ဦးအား မုဒိန်းကျင့် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

မနက်ပိုင်းက စစ်ကား ၁၀ စီးလောက်နဲ့ စစ်သားတွေ ဝင်လာတယ်ဗျ။ သူတို့ ပြန်ထွက်သွားတော့ ဒီက အမျိုးသမီး (၂)ဦးကို မုဒိမ်းကျင့်ပြီး လယ်ကစင်းရိုးအဆက်မှာ သတ်ဖြတ်ထားခဲ့တယ်ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

အဆိုပါ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကေအန်ယူ - ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ကော်သူးလေ အုပ်ချပ်နယ်မြေ ထဲက KNLA – PDF တပ်ဖွဲ့ကလည်း ထုတ်ပြန် ထားသည်။

 

နံဇရွာသို့ စစ်ကောင်စီ တပ်များ ဇူလိုင်လ ၂၄ ရက်နေ့ နေ့လည် ၁၁ နာရီ အချိန်က ၀င်ရောက်ခဲ့ကာ ညနေ ၄ နာရီ တွင် ပြန်လည်ထွက်ခွာသွားပြီး ကျေးရွာနေအိမ်များမှ အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားကြကြောင်း ဒေသခံများက ပြောသည်။

 

စစ်ကောင်စီတပ်များသည် ပုဇွန်မြောင်း၊ မ‌ဒေါက်၊ ညောင်ပင်ပေါက် ကျေးရွာများသို့လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်း ဇူလိုင်လ ၂၃ ရက်နေ့ကလည်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်များက လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး နေအိမ်တစ်လုံးပေါ်ကျည်ကျရောက်ပေါက်ကွဲကာ တစ်မိသားစုလုံး (၄ ဦး) သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။ (NN – 25)

ဓာတ်ပုံ - (KNLA – PDF)

 

 သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးပုံများ

ဆက်စပ် သတင်းများ