တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေရှိ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့်ပစ်ခတ်၍ ပုဏ္ဏားကျွန်း ကျွဲထိုးရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဥ္ဇာနွယ် နိရဥ္စရာ၊ ဇူလိုင် ၂၄/ ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေရှိ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးဖြင့် ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးရွာမှ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ပွဲချင်းသေဆုံးပြီး  ဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သတင်းရရှိသည်။

ပွဲချင်းပြီး သေဆုံးသူမှာ ကျွဲထိုးရွာမှ ဒေါ်မကျော့(၇၃) နှစ်ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ဒေါ်စိန်ကျော့နု (၃၅)နှစ်၊ ဒေါ်စိန်ကျော့မေ(ခေါ်)ဒေါ်အေးခိုင်ညွန့်(၄၅)နှစ်၊ မောင်နေမျိုးဦး (၂၃)နှစ်နှင့် မောင်နေမျိုးလင်း(၁၇)နှစ်တို့ဖြစ်ကြောင်း သိရသည်။ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များဖြစ်ကြသည်။

ကျွဲထိုးကျေးရွာသို့ ယမန်နေ့ ဇူလိုင် ၂၃ ရက်၊ ညနေ နာရီခန့်က စစ်တွေရှိ ပါဒလိတ် တပ်ရင်းက ပစ်ခတ်လိုက်သည့် အတွဲလိုက်ဒုံးများကျရောက်ပေါက်ကွဲခဲ့၍ ကျည်စများ ထိမှန်ကာ နေအိမ်တွင် ညနေစာထမင်းစားနေကြသည့် မိသားစုဝင် ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

၄င်းတို့အနက် ဒေါ်မကျော့သည်  ဒဏ်ရာအလွန်ပြင်းထန်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပုဏ္ဏားကျွန်းဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။   

ပစ်တာက စစ်တွေပါဒလိတ်တပ်ရင်းက ပစ်တာပါ။  ၁၂ လုံးထွက် အတွဲလိုက်ဒုံးနဲ့ပစ်တာ။ လက်နက်ကြီးကျည် သုံးလုံးလောက်ကျတယ် ရွာကို။ တစ်လုံးက ရွာထဲက နေအိမ်တစ်အိမ်ကိုကျသွားပြီး ထမင်းစားနေတဲ့ မိသားစုဝင် ဦးယောက် ဒဏ်ရာရသွားတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ပွဲချင်းဆုံးသွားတယ်ဟု ပြောသည်။

သေဆုံးသူ ဒေါ်မကျော့တွင် ညာဖက်ခါးဆစ်အထက် အကြီးစားဒဏ်ရာရပြီး သေဆုံးသွားခြင်းဖြစ်သည်။

ဒဏ်ရာရသူများအနက် ဒေါ်စိန်ကျော့နုတွင် ညာဖက်မျက်ခုံး အသေးစားဒဏ်ရာ၊ ဒေါ်အေးခိုင်ညွန့်တွင် ညာဖက်လက်မောင်းအသေးစားဒဏ်ရာ၊ မောင်နေမျိုးဦးတွင် ဦးခေါင်း ညာဖက်နားထင်အနား အသေးစားဒဏ်ရာနှင့် မောင်နေမျိုးလင်းတွင် ဘယ်ဖက် မျက်လုံးနှင့် ဘယ်ဖက် လက်ကျိုး အကြီးစားဒဏ်ရာတို့ ရရှိသွားကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ ဦးကို ဆေးကုသမှုပေးနေပြီး ဆေးကုသရေးစရိတ်အတွက် အရေးပေါ် ငွေကြေးများလိုအပ်နေကြောင်း လူမှုကူညီရေးဆောင်ရွက်ပေးနေသည့် အမျိုးသား တစ်ဦးက နိရဥ္စရာသတင်းကို ပြောသည်။

ဒဏ်ရာတွေကပြင်းထန်ကြတော့ မိသားစုကလည်း ပင်ပန်းဆင်းရဲကြတော့ ဆေးကုသဖို့ စရိတ်က လိုအပ်နေတယ်ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ကို စစ်‌ကောင်စီ၏ စစ်တွေ ပါဒလိတ် တပ်ရင်းက အတွဲလိုက်ဒုံးဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ပစ်ခတ်မှုကြောင့် မြို့ပြင်ရပ်ကွက်ဖြစ်သည့် ရွာဟောင်းပိုင်းရပ်ကွက်ရှိ ဂူဝဘုရားအနီး၊ ပုဏ္ဏားကျွန်းချောင်းဝနှင့် နတ်ဆိတ်ကျေးရွာကြားနှင့် ကျွဲထိုးရွာအနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဟု ဒေသခံများက နိရဥ္စရာကို ပြောဆိုထားသည်။

ဓာတ်ပုံ - PYA

ဆက်စပ် သတင်းများ