ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တစ်ပတ်အတွင်း ကျိန္တလီမြို့တွင် နောက်ထပ်ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 779

ကံ့ကော်နီနီ နိရဥ္စရာ ဇူလိုင် / ၂၀၂၄

တစ်ပတ်အတွင်း ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် နောက်ထပ် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဘက် ဖြတ်တောက်လိုက်ရကြောင်း သတင်းရရှိသည်။

မိုင်နင်းမိပြီးခြေထောက်ဖြတ်လိုက်ရသူမှာ ကျိန္တလီမြို့၊ အမှတ်()ရပ်ကွက်မှ ကိုမောင်ဖြူ အသက် (၃၀) ကျော်ဖြစ်ကြောင်းသိရသည်။

မိသားစုစားဝတ်နေရေးအကျပ်အတည်းများကြောင့်  ယနေ့ဇူလိုင်လ ရက်နေ့လယ် နာရီဝန်းကျင် အချိန်က ကျိန္တလီမြို့အနီးရှိတောင်ပေါ်သို့ မှိုရှာရန်သွားစဥ် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေသလုံးနားမှဖြတ်တောက်လိုက်ရကြောင်း ဒေသခံလူမှုရေးသမားများကပြောသည်။

" အခုအချိန်ကမှိုပေါ်တဲ့ အချိန်ဆိုတော့ သူကမှိုရှာဖို့တောင်ကိုသွားတာ။ အဲဒီလိုသွားတာမှာ မိုင်းနင်းမိပြီးခြေထောက်ထိသွားတယ်။ ဘယ်ဘက်ခြေထောက်ခြေသလုံးနားကဖြတ်လိုက်ရပါတယ်" ဟု ဒေသခံလူမှုကူညီရေးသမားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သံတွဲဒေသတိုက်ပွဲများနှင့် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ဒေသခံများမှာစားဝတ်နေရေး အကျပ် အတည်းများရင်ဆိုင်နေရပြီး မိသားဝမ်းရေးအတွက် တောတောင်များတွင် ဟင်းများရှာဖွေရောင်းချ စားသောက်နေကြရသူအများအပြားရှိလာနေကြောင်း ဒေသခံများကပြောသည်။

" အဓိကတော့ တိုက်ပွဲနဲ့လမ်းတွေပိတ်ဆို့ထားတာတွေကြောင့် ငတ်ပြတ်လာကြတယ်။ မိသားစု စားဝတ်နေရေးတွေခက်ခဲလာကြတယ်။ အဲဒီတော့ဒေသခံတွေမှာ တောတောင်တွေဝင်ထွက်ပြီး ဟင်းတွေရှာတယ်။ အဲဒါတွေကိုပြန်ရောင်းပြီး စားဝတ်နေရေးဖြေရှင်းနေရသူတွေများလာတယ်" ဟု ဂွမြို့နယ်မှ လူမှုရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

မိုင်းနင်းမိ၍ ခြေတစ်ဘက်ဖြတ်တောက်လိုက်ရသည့် ကိုမောင်ဖြူအား ဆပ်သွားဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရပြီး လက်ရှိတွင်အသက်အန္တရာယ်မစိုးရိမ်ရတော့ဟု ၎င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အလားတူ ဇူလိုင်လ   ရက်နေ့ကလည်း  ကျိန္တလီမြို့၊ အမှတ် () ရပ်ကွက်မှ ကိုမြင့်မောင် (၂၈) နှစ်သည်  မှိုရှာထွက်ရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည် သိရသည်။

ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မှ ကျိန္တလီမြို့သည် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားနေသည့် မြို့မဟုတ်သလို လက်ရှိ အချိန်ထိ အေးချမ်းတည်ငြိမ်နေသော မြို့ဖြစ်သည်။  စစ်ကောင်စီတပ်က မိုင်းများကို လျှောက်ထောင်ထားသဖြင့် ဒေသခံများတောတောင်ထဲသို့ မသွားကြရန် ရဲက အသံချဲ့စက်ဖြင့် သတိပေးမှုများ ပြုလုပ်ထားသော်လည်း စားဝတ်နေရေးအဆင်မပြေရာမှ တောင်တောထဲကို သွားပြီး မှိုရှာရာမှ ခုလို မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း  ဒေသခံများက ပြောသည်။

အလားတူ ဂွမြို့တွင်လည်း ခမရ (၅၆၂) တပ်ရင်းနောက် ရဟိုင်းကွင်း ဆည်နားတွင်လည်း မိုင်းထိပြီး အမျိုးသား တစ်ဦး ၂၀၂၄ ခုနှစ် ွန် ၂၉ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု သိရှိရသည်။ ဓာတ်ပုံ - Thakhin Nyein Chan

ဆက်စပ် သတင်းများ