အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ပဲခူးရိုးမတိုက်ပွဲ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ ‌ကျော်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 733

‌နိရဉ္စရာ၊ ဩဂုတ် ၂၉/၂၀၂၄

ပဲခူးဒေသ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမတွင် စစ်ကောင်စီ စစ်ကြောင်း တစ်ခုကို PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ရင်းမှူးတစ်ဦး အပါအဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်သည်။

လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမတွင်  ပေါ်သို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ကျော် စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့များက သြဂုတ် ၂၇ ရက်၊ ညနေ ၄ နာရီခန့်တွင်  တောင်တန်းမြိုင်ကျေးရွာအနီးမှ  စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်း စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ပါဝင်ကာ ထိုအထဲမှ    ၂၀ ကျော် သေဆုံးသွားခဲ့ပြီး သေဆုံးသူတွေထဲတွင် တပ်ရင်းမှူးအဆင့် ၁ ဦး ပါဝင်ကြောင်း သိရသည်ဆိုသည်။

၎င်းတိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့်  အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။


စစ်ကောင်စီတပ်က အထိနာပြီး ထန်းပင်ချောင်ရွာရှိ စကစတပ်ဖွဲ့က  လက်နက်ကြီး ပစ်ကူပေးတဲ့အပြင် ဒရုန်းများနှင့်ပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့်  ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၆ ရွှေတန်းမြေ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပြည့်ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း‌တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲတွင်  တော်လှန်ရေး ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆက်လက်ပြီး စကစတပ်များနှင့် ထိတွေ့တိုက်ပွဲများ  ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနီးတွင် သွားလာနေထိုင်မှု လုံးဝမပြုလုပ်ကြရန် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အထူး အသိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လက်ပံတန်းမြို့နယ် ဩဂုတ် ၂၄ ရက် တိုက်ပွဲမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းနဲ့ သုံ့ပန်းများ (နွေဦးအသံ)

ဆက်စပ် သတင်းများ