သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တရုတ်အထူးကိုယ်စားလှယ် နေပြည်တော်ရောက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 782

ပြည်တွင်းအကြမ်းဖက်ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် တရုတ်အထူးကိုယ်စားလှယ် တိန်ရှီး ကျွင်းသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ကို စစ်ကောင်စီနှင့် ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိနေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီးကျွင်းသည် နေပြည်တော်ကို ဇူလိုင်လ ၂၇ ရက် မနေ့က ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိုနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီး ရာပြည့် နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၂၈ ရက် ယနေ့ထုတ် စစ်ကောင်ပိုင် သတင်းစာ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လကုန်နှင့် ဇူလိုင်လဆန်းပိုင်းများက NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် ၇ ဖွဲ့တို့နှင့် စစ်ကောင်စီတို့ နေပြည်တော်၌ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ဆွေးနွေးခဲ့ကြပြီး နောက် အခု ဇူလိုင်လကုန်တွင် တရုတ်အထူးကိုယ်စားလှယ် ရောက်လာခြင်းဖြစ်သည်။

အကြမ်းဖက်မှုဖြစ်စဉ်တွေကို အရင်ဆုံးမဖြေရှင်းပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်နိုင်ငံကပဲ ကြိုး ပမ်းပေးမယ်ဆိုပေမယ့် အောင်မြင်မှာမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှုး ဦးစိုင်းလိတ်က နိရဉ္စရာ ကို ပြောသည်။

“တွေ့ဆုံဆွေးနွေးရေးလုပ်မယ်ဆိုရင် ပထမဆုံး စစ်ကောင်စီအနေနဲ့  အကြမ်းဖက်မှုတွေ ရုတ်သိမ်းဖို့လိုမယ်။  အရင်အခြေ အနေနဲ့ ပြန်သွားရုံနဲ့မဖြစ်ဘူး။ ပြုပြင်ပြောင်းလဲလိုတဲ့ စိတ်ဓာတ်တွေရှိတယ်ဆိုတာ အရင်ဆုံး စိတ်ဆန္ဒတွေထုတ်ပြရပါလိမ့်မယ်။ ကတိကဝတ်တွေ ပြုရပါလိမ့်မယ်။ နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေရဖို့ အကြမ်းဖက်မှုတွေရပ်ဖို့ ဒီဥစ္စာတွေ အရင်မလုပ်ဘဲနဲ့ တွေ့ဆုံရေးကိုဦးတည်တဲ့ အခင်းအကျင်းမျိုး ကို ဘယ်နိုင်ငံတကာပဲ ကြိုးပမ်းကြိုးပမ်း အောင်မြင်နိုင်မှာမဟုတ်ပါဘူး။"

စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ စိုင်းပြင်းနေခြင်းသည် နိုင်ငံရေးအရလှည့်ဖျားဖို့ သက်သက် သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဝေဖန်ထောက်ပြကြသည်။

တရုတ်အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင်တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်တွင်တစ်ကြိမ် နေပြည်တော်သို့ စစ်ကောင်စီခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံခဲ့ ကြောင်း သိရသည်။ NN - 24

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!