- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၃
နောင်မင်းသူ၊ နိရဉ္စရာ၊ မေ ၈ ရက်/၂၀၂၄
ရခိုင်ပြည်နယ်၊မောင်တောမြို့ နခခ(၅) အနီးသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသည့် အာရက္ခတပ်တောာ် (AA) တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီတပ်တို့ အကြား မေလ ၈ ရက် ယနေ့ နံနက်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဇူလမွတ်ဆလင်ရွာမှာ ရွာသားများ ထွက်ပြေးခဲ့ကြရကြောင်း ဒေသခံ မွတ်ဆလင်များထံမှ သိရသည်။
"ဒီနေ့ မနက်ကတည်းက ဇူလရွာအနီးမှာ တိုက်ပွဲဖြစ်နေကြတာ။ နခခ(၅)က ဇူလရွာအနီးကို လက်နက်ကြီးနဲ့ ပစ်တယ်။ ရွာသူရွာသားတွေ ထွက်ပြေးနေကြရတယ်။ နေ့လယ်ပိုင်းမှာ သီဟိုလ်ခြံ အနီးမှာ ဖြစ်ကြတယ်။ အခုညနေပိုင်းတော့ တိတ်ဆိတ်နေတယ်" ဟု ပြောကြားသည်။
မောင်တောမြို့သို့ ကညင်ချောင်းစီးပွါးရေးဇုန် ရေနက်ဆိပ်ကမ်းသို့ မေလ ၆ ရက်နေ့၌ကမ်းထိုး စစ်ရေယာဥ် ၃ စီးဖြင့် စစ်အင်အား ၅၀၀ ကျော်ဖြည့်တင်းခဲ့ပြီး နောက် နခခ(၅)အား ကာကင်းအဖြစ် မောင်တော ခရိုင်တရားရုံး၌စစ်တပ်မှနေရာချထားခဲ့ကြောင်း မျက်မြင်ဒေသခံတွေကပြောဆိုသည်။
"စစ်တပ်က ခရိုင်တရားရုံးမှာ အထိုင်ချလာတယ်။ တရားရုံးနောက်က ဇူလရွာကို ထိုးစစ်ဆင်တော နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ကြတာ"ဟု ပြောဆိုသည်။
နခခ (၅) သည် မောင်တောမြို့အဝင် ကားလမ်းဘေးတွင် တည်ရှိပြီး မောင်တောအား ကာကွယ်ထားသော တစ်ခုတည်းသော လက်ကျန်စခန်းကြီးဖြစ်ကြောင်း သိရသည်။
မေလ ၇ ရက်နေ့၌မောင်တောမြို့အနီးရှိ ရွှေဇားကျေးရွာ၊လဘော်ဇားကျေးရွာအုပ်စုအနီး၌ စစ်ကောင်စီနှင့်အာဆာ ပူးပေါင်းတပ်ဖွဲများ နှင့် AA တို့ တိုက်ပွဲပြင်းထန်းစွာဖြစ်ပွါးခဲ့ကြသည်။