တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

မောင်တောမြို့အနီးဝန်းကျင်တွင် ယနေ့ နေ့လယ်မှ စပြီး AA နှင့် စစ်‌ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၈/ ၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့‌ အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မောင်တောမြို့ အနီးရှိ သီဟိုဠ်၊ ညောင်ချောင်း၊ ပဒန်း၊ ဒူရှီးရာတန်း၊  ဟာဘီကျေးရွာအနီး တဝိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ယနေ့ ဇွန်လ ၁၈ရက်နေ့လယ် ၁၂နာရီ အချိန်မှစ၍ တိုက်ပွဲ ပြင်းထန်လျက်ရှိသည်ဟု မောင်တောဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" ဒီနေ့နေ့လယ်ကစပြီး တိုက်ပွဲပြင်းနေတာ။ နခခ(၅)ဖက်ကလည်း အတွဲလိုက်ရော့ကဒ်တွေနဲ့ ပစ်နေတယ်" ဟုပြောသည်။

တိုက်ပွဲပြင်းထန်နေပြီး နခခ(၅)မှလည်း လက်နက်ပစ်ခတ်နေသဖြင့် လက်နက်ကြီးကျည် တချို့သည် သီဟိုဋ် ကျေးရွာသို့ကျရောက်ကာ နေအိမ်(၃)လုံးပျက်စီးကာ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" လက်ရှိအချိန်ထိသိရတာကတော့ သီဟိုဋ်ရွာမှာ လက်နက်ကျည်ကျလို့ အိမ်သုံးလုံးမီးလောင်တယ်။ လူတွေ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေတယ်" ဟုပြောသည်။

ယမန်နေ့က လည်း  စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် လာရောက် ပစ်ခတ်မှုကြောင့် မောင်တောမြို့နယ်၊ သီဟိုဋ်ကျွန်းရွာအုပ်စု၊ ဟာဘီအနောက်ရွာမှ မွတ်ဆလင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့ထဲကိုလည်း အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်တော့မည် ဖြစ်ကြောင်းနှင့်  ဒေသခံပြည်သူများ မြို့မှအမြန်ဆုံးထွက်ခွာကြရန် သတိပေးပြီးနောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခြင်းဖြစ်သည်။  (ဓာတ်ပုံ-

ဆက်စပ် သတင်းများ