စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

တိုက်ပွဲကြားက ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ ဦးကို နှင်ထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ကလေးငယ် ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၆ ဦးကို ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ဖမ်းဆီးပြီး မြန်မာနိုင်သို့  ပြန်လည် မောင်းထုတ်လိုက်သည်ဟု  သတင်းရရှိသည်။

ကလေးငယ် နှစ်ဦးပါ လူ ၆ ဦးအား တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း  ဖမ်းဆီးပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု သိရသည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်စပ်၊ နယ်ခြားမှတ်တိုင် ၅၀/၂၅ မှ လွန်ခဲ့သည့် တနင်္ဂနွေနေ့ နေ့လယ်က ဝင်ရောက်လာကြသူများဖြစ်ကြသည်ဟု ဆိုသည်။

၎င်းတို့ ၆ ဦးအား အဆိုပါနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မြန်မာဘက်သို့ ပြန်လည်နှင်ထုတ်ခဲ့သည်ဟု ဆိုသည်။ Ref and photo: Ukhiya News  

ဆက်စပ် သတင်းများ