တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ပေါက်ကွဲသံများကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အထိတ်တလန့် ကျယ်လောင်စွာကြားခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

ဂျွန်နသန်၊ ဇူလိုင် ၈/၂၀၂၄

စစ်ကောင်စီ လေတပ်က လေကြောင်းမှနေ၍ ဗုံးကြဲမှုကြောင့် ကျယ်လောင်သည့် ပေါက်ကွဲသံများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ နတ်မြစ်ကမ်းခြေရှိ  တက်ကနက် နယ်စပ်မှပင် အထိတ်တလန့် ကြားနေရပြီး ဒေသခံများ၏ နေအိမ်များ တုန်ခါသွားခဲ့ကြောင်း  The Business Standard က သတင်းဖော်ပြသည်။

စစ်ကောင်စီ၏လေယာဉ်သည်ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တစ်လျှောက်တွင် လှည့်ပတ်ပျံဝဲနေပြီးနောက် တပြိုင်နက်တည်း ကျယ်လောင်သည့် ဗုံးကြဲချသည့် ပေါက်ကွဲသံများကို တက်ကနက် (ရခိုင်အခေါ် ကယုချောင်းမြို့) နယ်စပ်မှပင် ကြားနေရကြောင်း ၎င်းသတင်းတွင် ဖော်ပြသည်။ 

ဒေသခံများသည် အဆိုပါ လေယာဉ်ကို ဇူလိုင်လ(၇) ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ မြင်တွေ့ခဲ့ရပြီး မော်တာကျည်ဆန်များ၊ လက်နက်ကြီးပစ်ခတ်သံများကို တစ်ပြိုင်နက် ကြားခဲ့ရကြောင်း မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တက်ကနက် နယ်စပ်ရှိ ဒေသခံများက ပြောဆိုသည်။

" ဇွန်လ ၆ရက်ညက တော့ ကျယ်လောင်တဲ့အသံ၊ ဆူညံသံတွေ မကြားရဘူး ။ ဒါပေမယ့် ဇွန်လ ၇ ရက် မနက်ခင်းကနေ နေ့လည်ခင်း အထိ မော်တာကျည် ၁၅၀ ကျော်လောက် ပေါက်ကွဲတဲ့ အသံတွေ ကြားနေရတယ်" ဟု ဆားပြင်တိုက်နယ်အကြီးအကဲဖြစ်သူ Noor Hossain က ပြောဆိုသည်။

မောင်တောမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပေါက်ကွဲသံများကြားခဲ့ရခြင်းကြောင်းတက္ကနက်ခရိုင် အရာရှိ Md Adnan Chowdhury က ပြောဆိုသည်။

ဗုံးပေါက်ကွဲမှုများသည် လေကြောင်းမှ ဗုံးကြဲမှု ပြုလုပ်ခဲ့၍ ဖြစ်ကြောင်း၊ ပေါက်ကွဲ သံများသည် အလွန် ကျယ်လောင်ပြီး ကြောက်မက်ဖွယ်ကောင်း ကြောင်း၊ ပေါက်ကွဲမှုများကြောင့် တက္ကနတ် နယ်စပ်ရှိ နေ အိမ်များတုန်ခါသွားခဲ့ကြောင်း၊  ပြည်သူများအနေဖြင့် အထိတ်တလန့် မဖြစ်ကြဖို့ ကိုလည်း အကြံပြုထားကြောင်း "ဒေသခံ အကြီးအကဲက ပြောကြားခဲ့သည်။

မောင်တောမြို့၏ အစိတ်အပိုင်းများကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အဆိုပါ ဒေသများကို စစ်အစိုးရ တပ်ဖွဲ့၀င်များက လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းသတင်းတွင် ရေးသားထားသည်။

 Source/ The Business Standard

 

-----

ဆက်စပ် သတင်းများ