- Web Master
- ၁၃ ဖေဖော်ဝါရီ ၂၀၂၄
အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဧပြီ ၂/ ၂ဝ၂
ဧရာဝတီတိုင်း၊
ဖျာပုံမြို့အကျဉ်းထောင်အတွင်းတွ
၎င်းတို့မှာ
မတ်လ ၃၁ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထောင်တွင်းငြိမ်းချမ်းစွာ ဆန္ဒပြ
ဖျာပုံထောင်အတွင်းပစ်ခတ်မှုအတွ
မတ်လ၃၁ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်း၊ဖျာပုံမြို့က ဖျာပုံအကျဉ်းထောင်တွင်း နိုင်ငံရေး အကျဉ်းသားများနှင့် တခြားရာဇဝတ် အကျဉ်းသားများ ပေါင်းပြီးထောင်ဆူသည်ဆိုသော အကြောင်းပြချက်နှင့် အကျဉ်းဦးစီးဘက်က စစ်တပ်နှင့် ရဲခေါ်ပြီးပစ်ခတ်ဖြိုးခွင်းခဲ့မှုနှင့် ရိုက်နှက်စစ်ဆေးမှုများကြောင့် အကျဉ်းသား ၄၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မီဒီယာများ ကိုပြောဆိုထားသည်။
PPNM ၏ အရေးပေါ်
ထုတ်ပြန်ချက်တွင် “ မတ်လ
၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ဖျာပုံထောင်အတွင်း
ပစ်ခတ်သံကြားရပြီးနောက် အကျဉ်းထောင်အတွင်း စစ်ကားများ ဝင်သွားကြောင်းသိရသည်
မြန်မာနိုင်ငံလုံးဆိုင်ရာ
နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM)၏ အရေးပေါ်
အသိပေး ထုတ်ပြန်ချက်တွင် ပစ်ခတ်ဖြိုခွင်းမှုအတွင်း
နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြား အကျဉ်းသားစုစုပေါင်း
၁၇ ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း
ယမန်နေ့မနက် ဧပြီ ၁ ရက်နေ့တွင် အကျဉ်းသား၊အကျဉ်းသူများအတွက်ပို့သည့် ပါဆယ်များ လက်ခံခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်ဟုလည်း ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍
PPNM နှင့်
ဖျာပုံမြို့အကျဉ်းဦးစီးဌာနတို့
၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုစတင်သည့်နေ့မှ ယမန်နေ့ ဧပြီလ ၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၂၆,၄၆၂ ဦးဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရစဉ် သတ်ဖြတ်ခံရသူ စုစုပေါင်း ၁,၆၉၉ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းအရသိရသည်။
Photo credit - PPNM