သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အကောင်းဆုံး သရုပ်ဆောင် အမျိုးသမီး အော်စကာဆု မီရှဲလ်ယိုရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

(ာရှနိုင်ငံများထဲမှ ပထမဦးဆုံး အမျိုးသမီးသရုပ်ဆောင် အော်စကာဆုရရှိသူအဖြစ် သမိုင်းမှတ်တမ်းဝင်သွားခဲ့)

 နိရဉ္စရာ၊ တ် ၁၃/၂၀၂၃ (နိူင်ငံတကာ)

(၉၅)ကြိမ်မြောက် ဟောလီးဝုဒ် အော်စကာဆုပေးပွဲအခမ်းအနားကို မတ်လ(၁၂)ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် ကျင်းပခဲ့ရာ အာရှနိုင်ငံများထဲမှ ပထမဦးဆုံးအဖြစ် နာမည်ကျော် မလေးရှားနိုင်ငံသူ သရုပ်ဆောင် မီရှဲယိုက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို Everything Everywhere All at Once ဇာတ်ကားဖြင့် ဆွတ်ခူးရရှိသွားခဲ့သည်။

ယခုနှစ် အော်စကာဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံးဆု(၁၁)ဆု ရရှိမည်ဟု ကြိုတင်ခန့်မှန်းထားသည့် Everything Everywhere All at Once ဇာတ်ကားက စုစုပေါင်း အော်စကာဆု(၇)ဆု ရရှိပြီး စံချိန်တင်သွားခဲ့သည်။

အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကို မီရှဲယို က ရရှိခဲ့ပြီး အဆိုပါဇာတ်ကားမှ ကီဟွိုင်ကွမ် က အကောင်းဆုံး အမျိုးသားဇတ်ပို့ဆု နှင့် ဂျေမီလီး ကားတစ် က အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို လက်ခံ ရရှိကြသည်။

ထို့အပြင် အဆိုပါဇာတ်ကားသည် အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု နှင့် အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုများလည်း ရရှိသွားခဲ့သည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် အော်စကာဆုကို The Whale ဇာတ်ကားမှ မင်းသား ဘရန်ဒန် ဖရေဇာ က ဆွတ်ခူးရရှိခဲ့သည်။

Everything Everywhere All at Once ဇာတ်ကားတွင် သရုပ်ဆောင် မီရှဲယိုက အမေရိကန်သို့ ပြောင်းရွှေ့အခြေချသူ အဝတ်လျှော်စက်ပိုင်ရှင် အက်ဗလင် ဝမ် အဖြစ် သရုပ်ဆောင်ထားသည်။

အဆိုပါရုပ်ရှင်မှာ စိတ်ကူးယဉ်သိပ္ပံ ဟာဟ ဇာတ်ကားအမျိုးအစားဖြစ်သည်။

အော်စကာဆု လက်ခံရယူစဉ် မီရှဲယိုကဒီဆုဟာ ကျွန်မရဲ့ မိခင်နဲ့တကွ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိခင်အားလုံးအတွက် ရည်စူးပါတယ်။ ဒီမိခင်တွေ မရှိဘဲနဲ့ ကျွန်မတို့ ဒီနေရာကို ရောက်မလာနိုင်ပါဘူး။ ဒီနေ့ည ကျွန်မကို စောင့်ကြည့်နေကြတဲ့ မိန်းကလေး ယောကျားလေး ကလေးငယ်လေးတွေကို ပြောပြချင်တာက ဒါဟာ ကြီးမားတဲ့ မျှော်လင့်ချက်ဆုလာဘ်တစ်ခု ဆိုတာပါ။ ဒါဟာ ကြီးကျယ်တဲ့ အိပ်မက်တွေကို မက်ပြီး လုပ်ရက် အိပ်မက်တွေ အကောင်ထည်ပေါ်လာတယ်ဆိုတဲ့ သက်သေပါ။ အမျိုးသမီးတွေကို တစ်ခုပြောချင်ပါတယ်။ ခင်ဗျားရဲ့ အကောင်းဆုံးအချိန်တွေဟာ လွန်သွားပါပြီလို့ ဘယ်သူ့ကိုမှ အပြောမခံပါစေနဲ့ဟု ပြောကြားသွားခဲ့သည်။

ယခုအော်စကာဆု လက်ခံမရယူမီ မီရှဲယိုသည် Screen Actors Guild Award နှင့် Golden Globe ရွှေကမ္ဘာလုံးဆုများ လက်ခံရရှိခဲ့သေးသည်။

အသက်(၆၀)ရှိပြီဖြစ်သော မလေးရှားနိုင်ငံသူ သရုပ်ဆောင် မီရှဲယိုသည် ၁၉၉၀ပြည့်လွန်နှစ်များက စ၍ ဟောင်ကောင် အက်ရှင်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၇ခုနှစ်က ဂျိမ်းစ်ဘွန်းဇာတ်ကား Tomorrow Never Dies တွင် မင်းသား ပီယာ့စ် ဘရော့စ်နန် နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

အလားတူ The Lady ဇာတ်ကားတွင် မြန်မာအတိုပ်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး မြန်မာနိုင်ငံသို့လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သူလည်း ဖြစ်သည်။NN-27

ref:Today,CAN

 ပုံစာ- အကောင်းဆုံးအမျိုးသမီးသရုပ်ဆောက်ဆုရ မလေးရှားနိုင်ငံသူ မီရှဲယို၊ အကောင်းဆုံးသရုပ်ဆောင် မင်းသားဆုရ ဘရန်ဒန် ဖရေဇာ၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရ လီဟွိုင်ကွမ်

ဆက်စပ် သတင်းများ