တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီရေတပ်နေဗီများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ပေါက်တော မနော်သီရိရွာ မီးလောင်နေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k


စစ်ကောင်စီ ရေတပ် နေဗီများ က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မနော်သီရိရွာတွင် မီးလောင်နေကြောင်း သိရသည်။

မျက်မြင် ဒေသခံ တစ်ဦးက "ပစ်နေတာက လက်ပံပြားနားမှာကမ်းကပ်ထားတဲ့ နှစ်စီးပူးကလည်းပစ်တယ်။ နောက်ပြီး မနော်သီရိနား သွားနေတဲ့တစ်စီးကလည်း ပစ်တယ်။ ၃ စီးလုံးက ပစ်ပါတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်၊ နေ့လယ် ၂ နာရီမှစကာ စစ်တပ်ဇက်နေဗီများက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်နေသည့်အတွက်  မနော်သီရိကျေးရွာရှိ နေရာသုံးခုတွင် မီးလောင်ကျွမ်းနေကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"စစ်တပ်ဇက်ကပစ်လို့ မနော်သီရိ၊ ပိုက်ဆိပ်စု မီးလောင်နေတာပါ။ အဲဒီ ဇက်ကလည်း ကမ်းထိုးလိုက်၊ လက်ပံပြားရွာဘက်ကို တက်လိုက်နဲ့ လုပ်နေပါတယ်။ မီးလောင်နေတာက တစ်နေရာတည်းတောင် မဟုတ်ဘူး။ သုံးနေရာပါ" ဟု ပြောသည်။

ယခုဖြစ်စဉ်အတွင်း လူထိခိုက်သေဆုံးမှု ရှိမရှိကို နိရဥ္စရာအနေနှင့် မသိရှိရသေးပါ။

စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကိုလည်း ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ဇက်နေဗီများ၊ စစ်တပ်တပ်ရင်းများက အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် နေ့စဥ်မီးလောင်ကျွမ်းမှုများရှိနေပြီး မြို့၏ ၇၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းပျက်စီးကုန်ပြီဟု သိရသည်။ (NN-7)

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ