- Web Master
- ၂၄ သြဂုတ် ၂၀၂၄
စောရှင်မေ၊
နိရဉ္စရာ၊ မေ ၂၇/ ၂၀၂၄
ရခိုင်ပြည်၊
ပုဏ္ဏားကျွန်းမြို့၌ ယခုရက်ပိုင်းအတွင်းမိုးရွာသွန်း
"အခုက မိုးတွေရွာလာပြီ။ မနက်မိုးရွာရင်
ထမင်းချက်စားရတာအဆင်မပြေဘူး။ ညအချိန် မိုးရွာလည်းမအိပ်ရဘူး။ နည်းနည်းခိုလှုံလို့ရတဲ့ အိမ်တွေမှာ
ကပ်ခိုနေကြရတယ်။ မိုးရွာ၊ လေတိုက်တော့
တာပေါ်လင်တွေ
အကုန်လန်ကုန်ပြီ။ ကူညီကယ်ဆယ်ရေးပေးတာတွေလည်း လုံးဝမရသေးပါဘူး။
စားသောက်ဖို့တောင်အဆင်မပြေတာ။ အမိုးအကာအတွက်ဝယ်နိုင်ဖို့ လုံးဝမတတ်နိုင်ကြပါဘူး " ဟု
မြတ်လေးစစ်ဘေးရှောင်စခန်းတာဝန်
အဆိုပါစစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်ထားခဲ့ပြီး
လက်ရှိတွင် စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့်
မောင်တောမြို့နယ်တို့မှ အိမ်ထောင်စု ၁၃၀ ကျော်နေထိုင်ကြကာ
လူဦးရေ ၇၀၀ ကျော်ခန့်ရှိသည်ဟု ဦးအောင်မြင့်က ပြောသည်။
ယခုရက်ပိုင်းအတွင်
မိုးရွာသွန်းမှုများရှိလာ၍ မိုးသက်လေပြင်းများကျရောက်သည့်
"မိုးရွာတော့ နေထိုင်လို့အဆင်မပြေဘူး။
အပေါ်ကမိုးရွာချရင် အောက်ကိုအကုန်စီးကျတော့ အကုန်လုံးက
ရေအိုင်တင်နေတယ်။ ညဘက်ဆို မိုးရွာရင် လုံခြုံတဲ့နေရာကို ဝင်ခိုရတယ်။ ကလေးတွေ၊
သက်ကြီးရွယ်အိုတွေနဲ့ဆို ပိုဆိုးကြတာပေါ့။ အခက်အခဲတွေက
စားသောက်ဖို့တောင် ကြပ်တည်းနေတဲ့အချိန်မှာ ကိုယ်ထူကိုယ်ထ အမိုးအကာတွေဝယ်ဖို့က
မတတ်နိုင်ကြဘူး" ဟုပြောသည်။
ပန်းနီလာစစ်ဘေးရှောင်စခန်းတွင်
မေလ တတိယအပတ်က တာပေါ်လင်စ ၆ ထောင်ပတ်လည် ထောက်ပံ့လှူဒါန်းမှုရှိခဲ့သော်
"လာလှူတဲ့သူတွေကလည်း အကုန်လုံးအတွက် မလောက်လို့ဆိုပြီး လုံးဝအဆင်မပြေတဲ့
အိမ် ၅ ဆောင်အတွက်လှူခဲ့တယ်။ အမိုးအကာအတွက်ကတော့
အကုန်လုံးလိုအပ်နေကြတာပါ။ တတ်နိုင်သလောက် အမိုးအကာအတွက် ထောက်ပံ့ပေးဖို့တောင်းဆိုချင်ပါ
အဆိုပါစစ်ဘေးရှောင်စခန်းကို ပုဏ္ဏားကျွန်းမြို့ပေါ်မှ ရွာဟောင်း၊
မြို့သစ်နှင့် စံပြရပ်ကွက်တို့မှ နေထိုင်ကြပြီး၊
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင်တည်ထားခဲ့ကာ အိမ်ထောင်စု ၈၅ စုရှိကာ လူဦးရေ ၃၀၇
ဦးနေထိုင်ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင်
မြတ်လေး၊ ပန်းနီလာ၊ သရက်ချို၊
အောင်ဖြူပြင်၊ ကြံခင်းနှင့် ကဏန်းတောင်စသည့်ကျေးရွာများရှိ
စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နှင့်
လမ်းဘေးတို့တွင်
ယာယီတဲထိုးကာ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်လျက်ကြသည်။