- Web Master
- ၀၉ သြဂုတ် ၂၀၂၄
ဧရာ၀တီတိုင်း၊ လပွတ္တာjမြို့နယ်၊ ပြင်စလူမြို့၊ ကိုးသောင်းကျေးရွာနှင့် လေးမိုင်ခန့်အကွာ ကပ္ပလီပင်လယ်ပြင်တွင် မွတ်ဆလင် ၇၀ ကျော်ကို စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ မီဒီယာများက ဖော်ပြထားသည်။
အဆိုပါ စက်လှေပေါ်တွင် အမျိုးသား ၆၇ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ အား ဖမ်းဆီးရမိရမိခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုများပြုလုပ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
“ဖမ်းမိတာဟုတ်ပါတယ်။ အခုထိတော့ စစ်ဆေးနေဆဲပေါ့ဗျာ”ဟု စစ်ကောင်စီ၏ ထွေ/အုပ် ၀န်ထမ်းတစ်ဦးက ပြောသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်တွင် မလေးရှားနိုင်ငံ သို့သွားရောက်ရန် လာခဲ့ခြင်း ဖြစ်ပြီး စက်လှေ ပျက်၍ ပင်လယ်ပြင်တွင် ၅ ရက်ခန့် မျှောပါနေခဲ့ကြောင်း ၎င်း က ဆက်လက်ပြောဆိုသည်။
ဖမ်းဆီးရမိသည့် စက်လှေအရွယ်အစားသည်သည် အလျား(၆၀) ပေ၊ အနံ(၁၆)ပေ၊ ဇောက်(၁၀)ပေ၊ သစ်သားကိုယ်ထည်၊ ကားစက်(၄)လုံးထိုးဖြစ်ကြောင်း သိရှိရသည်။
၎င်းတို့အား သြဂုတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စက်လှေ စက်ပျက်၍ ကျောက်ချ ရန်နားစဥ် စစ်ကောင်စီ၏ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဒေသခံ ငါးဖမ်း စက်လှေဖြင့် ဆွဲယူဖမ်းဆီးခဲ့ကြောင်းကိုလည်း စစ်ကောင်စီ၏ မီဒီယာများက ဖော်ပြထားသည်။
ဓာတ်ပုံ - သြဂုတ်လ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သူများ (Kyaw Swar)