ကြာသပတေး၊ အောက်တိုဘာလ ၃ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့ကို ဂျက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်းဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ(ဓာတ်ပုံသတင်း) ဖေဖော်ဝါရီ ၂၅/၂၀၂၄

ရခိုင်ပြည် ရမ်းဗြဲမြို့ကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် တပြိုင်တည်း လာရောက်ဗုံးကြဲသည်ဟု သတင်းရရှိသည်။

ဗုံးများ ပေါင် ၅၀၀ ဗုံးများဖြစ်ပြီး ခါတိုင်း ဗုံးများထက် ပေါက်ကွဲမှုပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။


ရက္ခိုင့်တပ်တော်( AA) က ရမ်းဗြဲမြို့သိမ်တောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်နေရာ ရမ်းဗြဲမြို့ မကျရေးအတွက် စစ်ကောင်စီက အစွမ်းကုန် စစ်လေယာဉ်များဖြင့် စစ်ကူတိုက်ခိုက်နေသလို ရေတပ်စစ်ရေယာဉ်များဖြင့်လည်း အစွမ်းကုန် ပါဝင်တိုက်ခိုက်နေသည်ဟု သိရသည်။

၎င်းပြင် ရမ်းဗြဲမြို့ လူနေရပ်ကွပ်များကိုလည်း စစ်ကောင်စီက လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲကာ အစွမ်းကုန် ဖျက်ဆီးပစ်နေသည်ဟု ဒေသခံများက ပြောကြားသည်။  


ထိုသို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားပြီဟု ဒေသခံများက ပြောဆိုသည်။

ပုံစာ- ယနေ့ကြဲချသည့် ဗုံးခွံများကို တွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)

ဆက်စပ် သတင်းများ