- Web Master
- ၁၀ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်တွင်
မိုခါမုန်တိုင်းတိုက်ခတ်သွားသည်
မြို့ပေါ်ဒေသတစ်ချို့တွင်သာ
ရာနှုန်းပြည့်ပြီးစီးသေးပြီး ကျေးရွာအများအပြားတွင် ပြုပြင်ရန်
စာသင်ကျောင်းအများအပြားကျန်နေသေ
အချို့ကျေးရွာများရှိ စာသင်ကျောင်းများမှာ ပြုပြင်ဆဲကာလဖြစ်သောကြောင့်
စာသင်ကြားမှုတွင် အခက်ခဲရှိနေသေးသည်ဟု
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ ဆရာမတစ်ဦးက ပြောသည်။
"စာသင်ရတဲ့ပုံစံက
အခုအချိန်ထိ ကလေးတွေကို အရင်တုန်းကလို တစ်ချိန်တည်းသင်လို့မရဘူး။
မုန်တိုင်းတိုက်ပြီးကျန်ခဲ့တဲ့
ပြိုပျက်နေသည့်စာသင်ကျောင်းများ
"မိုးယိုနေရင် စာကိုစိတ်ဝင်စားဖို့မရဘူး။ မိုယိုနေတဲ့အချိန်တွေ၊
လေတိုက်နေတဲ့အချိန်မှာ စာသင်နေရရင် ကလေးတွေဘက်ကလည်း
စိတ်အားငယ်တာမျိုးရှိနေနိုင်တယ်
ရခိုင်ပြည်နယ်ပညာရေးမှူး
ဦးဘထွီးစိန်ကမူ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန်လည်ပြုပြင်ရာတွင် ၉ဝ ရာနှုန်းပြီးစီးနေပြီဖြစ်ပြီး ယခုစက်တင်ဘာလလယ်တွင် ရာနှုန်းပြည့်စီးမည်ဟု
ခန့်မှန်းထားကြောင်း နိရဥ္စရာကို ပြောသည်။
"တစ်ချို့မြို့နယ်တွေမှာ
၁၀၀ ရာခိုင်နှုန်းပြီးပြီ။
အားလုံးခြုံကြည့်လိုက်ရင် ၉၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ။
ပထမတော့ သြဂုတ်လမှာ ပြီးမယ်လို့မှန်းခဲ့တယ်ပေါ့နော်
မုန်တိုင်းသင့်မြို့နယ်များအနက် စစ်တွေ၊ မြေပုံ၊ မောင်တော၊ မြို့နယ်များတွင် ၁၀၀
ရာခိုင်နှုန်း၊ ကျောက်တော်နှင့်
မင်းပြားမြို့နယ်တွင် ၉၀ ရာခိုင်နှုန်း၊ မြောက်ဦးမြို့နယ်တွင် ၉၅
ရာခိုင်နှုန်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၈၅ ရာခိုင်နှုန်းနှင့်
ဘူးသီးတောင်တွင် ၆၀ ရာခိုင်နှုန်းကျော်ပြီးနေစီးပြီ
ရခိုင်တစ်ပြည်လုံးတွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,၁၉၃ ကျောင်းရှိသည့်အထဲမှ ၁,၃၃၇ ကျောင်းမှာ မိုခါမုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးသွားခဲ့
ပြိုပျက်နေသည့်အဆိုပါကျောင်းမျာ