တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

အရေးပါသော မံဆောင်တံတားကို စစ်ကောင်စီက ဖျက်ဆီးလိုက်သည့်အတွက် မြန်မာ- အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများရပ်ဆိုင်းသွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.5k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၁/၂၀၂၄

မြန်မာ- အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိအရေးပါသော တံတားကို မြန်မာ စစ်ကောင်စီကဖောက်ခွဲ ဖျက်ဆီးလိုက်သည့်အတွက်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုများ ရပ်ဆိုင်း သွားခဲ့ရကြောင်းသိရသည်

တီးတိန်မြို့နယ်အတွင်းရှိ မံဆောင်းမြစ်ကူး ကြိုးတံတားအား စနေနေ့ (ဇွန်လ ၈ ရက် )နံနက်ပိုင်းက မြန်မာ စစ်ကောင်စီတပ်မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ၊ မြန်မာနှင့် မီဇိုရမ်ပြည်နယ်ကြား တရားဝင် နယ်စပ်ကုန်သွယ်မှုများသည် လွန်ခဲ့သည့်နှစ်ရက်ကစပြီး(တံတားဖျက်ဆီးခံရမှုအပြီး) ရပ်ဆိုင်း သွားခဲ့ရကြောင်း ဒေသခံနှင့် တာဝန်ရှိသူများက ဇွန်၁၁ရက် တွင် အတည်ပြု ပြောကြားလိုက်သည်။

တီးတန်မြို့နှင့် အိန္ဒိယနယ်စပ် တီအို(မြစ်)လမ်းကြောင်း ပေါ် ရှိ မံဆောင်းမြစ်ကူးကြိုး တံတားကို စစ်ကောင်စီက ဇွန်လ (၈)ရက် မနက်(၈)နာရီဝန်းကျင်တွင် မိုင်းခွဲပြီးဖျက်ဆီးခဲ့ကြောင်း Zalen မီဒီယာ ကသတင်းဖော်ပြခဲ့သည်။

အဆိုပါတံတားသည် စစ်ကိုင်းတိုင်းအတွင်းရှိ တာဟန်းမြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်ပေးသည့် အဓိကကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။

မြန်မာစစ်တပ်က အဆိုပါ ကြိုးတံတားကို ဖောက် ဖျက်ဆီးလိုက်မှုကြောင့် အအေး၊ပေါင်မုန့်၊ အခြားစားသောက်ကုန်များ၊အီလက်ထရွန်နစ်ပစ္စည်းများ အပါအဝင် မရှိမဖြစ် အရေးကြီး ကုန်ပစ္စည်းများ ကို စစ်ကိုင်းတိုင်း၊ ကလေး ခရိုင်၊ တာဟန်းမြို့မှ မီဇိုရမ်ပြည်နယ်သို့ တင်သွင်းနေမှုများ ရပ်ဆိုင်းသွားခဲ့ရသည်။

လက်ရှိတွင် အဆိုပါတံတားသည် လူကူးရန်ပင် မဖြစ်နိုင် သည့်အတွက် ကုန်သွယ်မှုအပါအ၀င် လုပ်ငန်း များအားလုံးကို ဆိုးရွားစွာထိခိုက်လျက်ရှိသည်။

မီဇိုရမ်ပြည်နယ်အရှေ့ပိုင်း၊ချန်ဖိုင်ခရိုင်ရှိ ဇိုခေါသာ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ကုန်သွယ်မှုများပြုလုပ်လျက်ရှိရာ၊ နှစ်နိုင်ငံ ကုန်သွယ်မှုများ ရုတ်တရက်ရပ်တန့်သွားသည့်အတွက် အဆိုပါသွင်းကုန်များအပေါ်အားထား မှီခိုနေရသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံများ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိသည်။

လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ပြတ်တောက်နေသော်လည်း မြန်မာဘက်မှ ကုန်စည် တင်သွင်းမှုများ သည် ဖလမ်းမြို့လမ်းကြောင်း မှတစ်ဆင့် မကြာမီ ပြန်လည်စတင်နိုင်မည်ဟု နယ်စပ်ဒေသခံရွာသားများက ထုတ်ဖော်ပြောဆိုသည်။ သို့ရာတွင် အဆိုပါ လမ်းကြောင်းသည် ကြမ်းတမ်းပြီး ခရီးအကွာအဝေး ပိုများသည်ဟု ဆိုသည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနှင့် ၅၁၀ ကီလိုမီတာ (ခြံစည်းရိုးကာရံထားခြင်းမရှိ) နယ်နိမိတ်ချင်း ထိစပ်နေ ပြီး တရားဝင်နှင့် တရားမ၀င်ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသည့် နေရာတစ်ခု ဖြစ်သည်။

(ပုံစာ/မြန်မာ စစ်ကောင်စီကဖောက်ခွဲ ဖျက်ဆီးခဲ့ သည့်မံဆောင်းမြစ်ကူး ကြိုးတံတားကိုတွေ့ရစဉ်)

Photo/Zalen Media)/ Source/East Mojo

ဆက်စပ် သတင်းများ